မဲဆွယ်စည်းရုံးခြင်း လုပ်ငန်းစဉ်များအား စီမံခန့်ခွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်

(၁၀-၁၃၊ ၇၊ ၂၀၁၉။ Wyndham Hotel) DIPD နှင့် ဥရောပသမဂ္ဂတို့ ပူးပေါင်းစီစဉ်သည့် “မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းစဉ်များအား စီမံခန့်ခွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကို ၂၀၁၉၊ ဇူလိုင်လ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ ရန်ကုန်မြို့ Wyndham ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအပါအဝင် နိုင်ငံရေးပါတီ ၃၀ ခန့်မှ အမျိုးသမီးခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရာ၌ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို အုပ်စုခွဲ၍ လက်တွေ့လေ့ကျင့် လုပ်ဆောင်ခဲ့ကြပါသည်။

Continue Reading

UEC နှင့် ကရင်ပြည်နယ်အတွင်းရှိ ကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၏ ဆွေးနွေးပွဲတက်ရောက်

၂၀၁၉၊ ဇူလိုင်၊ ၉။ ဘားအံမြို့။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကရင်ပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ရွေးကောက်ပွဲဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၉၊ ဇူလိုင်၊ ၉ ရက်နေ့ နံနက်ပိုင်းတွင် ဘားအံမြို့၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဘားအံမြို့နယ်ကော်မတီဥက္ကဋ္ဌ ဦးကျော်ခင် တက်ရောက်ဆွေးနွေးခဲ့ပါသည်။

Continue Reading

ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ၅/၂၀၁၉ (၂၀၁၉၊ ဇူလိုင်၊ ၇-၈)

ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ၅/၂၀၁၉ ကို ၂၀၁၉၊ ဇူလိုင်လ ၇ ရက်နှင့် ၈ ရက်နေ့များတွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတက်ရောက်လာသည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များက လက်ရှိနိုင်ငံရေး အခင်းအကျင်းကို သုံးသပ်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ၂၀၁၉ ခုနှစ်အတွင်း လုပ်ဆောင်ရန်လျာထားချက်များ ပြီးမြောက်မှုအခြေအနေကို ပြန်လည်သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်များကို အသေးစိတ် တိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

၅၇ နှစ်မြောက် ၇ ဇူလိုင်အခမ်းအနားသို့ တက်ရောက်ဂါရဝပြု

(၂၀၁၉၊ ဇူလိုင်၊ ၇) ဗကသများအဖွဲ့ချုပ်က ဦးဆောင်ကျင်းပသည့် ၇ ဇူလိုင် ၅၇ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ တကသအဆောက်အဦး မြက်ခင်းပြင်တွင် ယနေ့နံနက်ပိုင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ၁၉၆၂၊ ၁၉၇၄- ၇၅- ၇၆၊ ၁၉၈၈၊ ၂၀ဝ၇ အစရှိသည့် ကျောင်းသားမျိုးဆက်အသီးသီး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရဲဘော်များ၊ လူ့ဘောင်သစ်လူငယ်များ တက်ရောက်ဂါရဝပြုခဲ့ကြပါသည်။ ၇ ဇူလိုင် (၅၇)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားများသို့ ပါတီမှပေးပို့သော သဝဏ်လွှာကို ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၁)က ဖတ်ကြားခဲ့ပါသည်။လွန်ခဲ့သည့် (၅၇)နှစ် ဇူလိုင် ၇ ရက်နေ့တွင် အေးချမ်းစွာ ဆန္ဒပြနေကြသည့် ကျောင်းသားများအား တပ်က အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ဇူလိုင် ၈ ရက်နေ့တွင် သမိုင်းဝင် တကသ အဆောက်အဦးကိုပါ မိုင်းခွဲဖျက်ဆီးပစ်ခဲ့သည်။

Continue Reading

သတင်းအချက်အလက် ရပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

(၂၀၁၉၊ ဇူလိုင်၊ ၆) Pen Myanmar နှင့် ပြည်ကြီးခင်တို့ ပူးပေါင်းကျင်းပသည့် သတင်းအချက်အလက် ရပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉၊ ဇူလိုင် ၆ ရက်နေ့လည် ၁းဝ၀ နာရီမှ ညနေ ၅းဝ၀ နာရီအထိ ရန်ကုန်မြို့ တော်ဝင်ဂါးဒင်းဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် သတင်းအချက်အလက်ရပိုင်ခွင့်ဥပဒေ(မူကြမ်း)ပါ ပြဌာန်းချက်များ၊ နိုင်ငံတကာတွင် ကျင့်သုံးနေသည့် သတင်းရယူခွင့်အခြေအနေများကို နှိုင်းယှဉ်ဆွေးနွေးခဲ့ကြပါသည်။ ဥပဒေမူကြမ်းတွင်ပါရှိသည့် နိုင်ငံသားများအနေဖြင့် သိသင့်သိထိုက်သည့် သတင်းအချက်အလက်များကို တောင်းခံရယူနိုင်ခွင့်၊ ကော်မရှင်ဖွဲ့စည်းခြင်း၊ ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ အရေးယူ အပြစ်ပေးခြင်း စသည့်ပုဒ်မများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် တာဝန်ရှိသူများက ထုတ်ပြန်ပေးသည့် သတင်းအချက်အလက်များ မှားယွင်းမှုအပေါ် မည်သို့ တာဝန်ခံသင့်သလဲ အစရှိသည်တို့ကိုလည်း စိတ်ပါဝင်စားစွာ ဆွေးနွေးခဲ့ကြပါသည်။ ဤဥပဒေမူကြမ်းကို ယခင်အစိုးရလက်ထက်ကတည်းက […]

Continue Reading

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရပြောနေတဲ့ “တရားဥပဒေစိုးမိုးရေး” ဘာလဲ ဘယ်လဲ

အရင်းစစ်လိုက်ရင် “တရားဥပဒေစိုးမိုးရေး” ဆိုတာဟာ “၂၀ဝ၈ အခြေခံဥပဒေပြဿနာ” လိုပါပဲ။ ဥပဒေဆိုင်ရာ ပြဿနာသက်သက် မဟုတ်ဘဲ နိုင်ငံရေးပြဿနာစစ်စစ်ပဲ ဖြစ်ပါတယ်။ ပြည်သူတွေအပေါ် အာဏာအရ၊ တည်ဆဲဥပဒေများအရ၊ ဓနဥစ္စာအရ၊ ဗြူရိုကရေစီအသိုင်းအဝိုင်းအရအစဉ်အဆက် ချုပ်ကိုင်ထားသူများက ပြည်သူလူထုအပေါ် ပုံစံမျိုးစုံနဲ့ ချိုးဖောက်ကျူးလွန်နေတဲ့ မတရားမှုတွေကို ပြတ်ပြတ်သားသားဆန့်ကျင်တိုက်ဖျက်ရေးဆိုတဲ့ နိုင်ငံရေးပြဿနာပဲ ဖြစ်ပါတယ်။တနည်းအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တချိန်တခါက ကိုင်စွဲခဲ့ပြီးယခုအခါ စွန့်လွှတ်ပစ်ပယ်ထားခဲ့တဲ့ “မတရားတဲ့ အမိန့်အာဏာမှန်သမျှ တာဝန်အရဖီဆန်ကြ” ဆိုတဲ့ မပြီးဆုံးသေးတဲ့ နိုင်ငံရေးပြဿနာရဲ့ အဆက်လည်း ဖြစ်ပါတယ်။ “တရားဥပဒေစိုးမိုးရေး” ဆိုတာကို ဟိုလိုဒီလိုအဓိပ္ပါယ်တွေ အမျိုးမျိုးဖွင့်နေကြပေမယ့် အနှစ်သာရကတော့ အောက်ပါအချက်နှစ်ချက် အပြည့်အဝပါဝင်ဖို့ပဲ ဖြစ်ပါတယ်။ ၁။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်၊ အကျိုးစီးပွားတွေနဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည် ပြောဆိုခွင့်တွေကို တကယ်တမ်းထိထိရောက်ရောက် အကာအကွယ်ပေးရေး၊ ၂။ ပြည်သူတွေအပေါ် […]

Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စည်းရုံးရေးမှူးသင်တန်း(၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားပြုလုပ်

၂၀၁၉၊ ဇွန်၊ ၃၀။ ရန်ကုန်မြို့။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စည်းရုံးရေးမှူးသင်တန်း (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉၊ ဇွန်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ ကိုကိုကျွန်းပြန်နိုင်ငံရေးရဲဘော်များ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့၊ မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂ၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ မြန်မာနိုင်ငံကျောင်းသားလူငယ်များ ကွန်ဂရက် အစရှိသည့် မိတ်ဖက်နိုင်ငံရေးအင်အားစုများမှ ခေါင်းဆောင်များ၊ သင်တန်းသားရဲဘော်များ၊ ပါတီဗဟိုကော်မတီဝင်များ၊ လူ့ဘောင်သစ်လူငယ်များ တက်ရောက်ခဲ့ကြပါသည်။ ဖွင့်ပွဲတွင် ပါတီဒုတိယဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပါတီအထွေထွေအတွင်းရေးမှူး ဦးသီဟထွဋ်ခင်က သင်တန်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် မိတ်ဆွေနိုင်ငံရေးအင်အားစုများမှ ခေါင်းဆောင်များက ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပြီး ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ […]

Continue Reading

တပ်မတော်နဲ့ AA တိုက်ပွဲတွေ ရပ်တန့်ရေး သမ္မတ ဖြေရှင်းပေးဖို့ တောင်းဆို

၂၈၊ ဇွန်၊ ၂၀၁၉ RFA ရခိုင်ပြည်နယ်က အစိုးရတပ်မတော်နဲ့ ရခိုင်တပ်တော် AA တို့အကြား တိုက်ပွဲတွေ အမြန်ဆုံးရပ်စဲအောင် သမ္မတ ကိုယ်တိုင် တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းပေးဖို့ အဖွဲ့အစည်း ၁၀ဝ ကျော်က မနေ့က အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့တောင်းဆိုလိုက်ပါတယ်။ နိုင်ငံတော်သမ္မတက ညွှန်ကြားရင် တိုက်ပွဲတွေကို ရပ်တန့်ပေးမယ်လို့ တပ်မတော်ဘက်က သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ပြောဆိုထားတာရှိတဲ့အတွက် သမ္မတဆီ တောင်းဆိုတာလို့ အိတ်ဖွင့်ပေးစာပေးပို့ရာမှာ ပါဝင်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD က ဦးမျိုးကျော်က ဒီနေ့ ပြောပါတယ်။ “အခု ကျတော်တို့ တိုက်တွန်းတာက တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောထားတာ ကျွန်တော်တို့ ကြားတယ်။ သမ္မတကသာ ရပ်စဲစေချင်တယ်ဆိုရင် သူတို့ ရပ်ပေးမယ်ဆိုတဲ့ဟာမျိုး ကြားတယ်။ အခုတိုက်နေတာ ခွင့်ပြုလို့ တိုက်ခိုင်းလို့ တိုက်တာဆိုတဲ့ […]

Continue Reading

ရခိုင်ပြည်နယ်အရေးကို သမ္မတကိုင်တွယ်ဖြေရှင်းပေးရန် နိုင်ငံရေးအင်အားစုများတောင်းဆို

****ရပ်တည်ရှင်သန်ရေး အခက်အခဲများစွာကြုံနေသည့် စစ်ဘေးရှောင်များကို ပစ်မထားရန်တိုက်တွန်း ရခိုင်ပြည်နယ်အရေးကို နိုင်ငံတော်သမ္မတကိုယ်တိုင် တိုက်ရိုက်ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးရန် အလေးအနက်အကြံပြု တိုက်တွန်းကြောင်း နိုင်ငံရေးပါတီများအပါအဝင် နိုင်ငံရေးအင်အားစုများက သမ္မတထံပေးပို့သည့် အိတ်ဖွင့်ပေးစာတွင် ဖော်ပြသည်။ နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့ အစည်းကိုးခုမှ ၁၄ ဦးပါ အဖွဲ့ သည် ဇွန်လ ၁၇ ရက်မှ ၂၁ ရက်ထိ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ရာ ခရီးစဉ်အတွင်း တွေ့ရှိချက်များကို ဇွန်လ ၂၇ ရက်စွဲဖြင့် သမ္မတထံသို့ ပေးပို့သည့် အိတ်ဖွင့်ပေးစာတွင် အသေးစိတ်ဖော်ပြသည်။ ‘‘ဒီကိစ္စ ပြည်ထောင်စုအဆင့်ဖြစ်တယ်။ သမ္မတအဆင့်ကိုင်မှရမယ်။ ကာချုပ်ကိုယ်တိုင် ညှိညှိ နှိုင်းနှိုင်းဆောင်ရွက်မှ ရမယ်ဆိုတာမျိုး ကျွန်တော်တို့ တွေးမိတာပေါ့။ အဲဒီအတွက် ကျွန်တော်တို့ တင်ပြတာပါ’’ ရခိုင်ပြည်နယ်လေ့လာရေးအဖွဲ့ စေ့စပ်ညှိနှိုင်းရေးမှူး ဦးငွေလင်းက ပြောသည်။ ရခိုင်ဒေသ၌ […]

Continue Reading