(၆၃) နှစ်ပြည့် ၇ – ဇူလိုင် အထိမ်းအမှတ် သဘောထား ထုတ်ပြန်ချက်

ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ချက်များ

၁။ ၁၉၆၂ ခုနှစ် ၇ ဇူလိုင်တွင် တက္ကသိုလ်ကျောင်းသား ရာဂဏန်းကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့် သမိုင်းဝင် ဖြစ်ရပ်ဆိုး သည် (၇၊ ၇၊ ၂ဝ၂၅) တွင် ၆၃ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ဤဖြစ်ရပ်သည် အာဏာသိမ်းစစ်အုပ်စုကို ရဲဝံ့ ပြောင် မြောက်စွာ ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြသည့် ရန်ကုန်တက္ကသိုလ် ကျောင်းသူ ကျောင်းသားများ ရာကျော် သတ်ဖြတ်ခံခဲ့ရ သည်အထိ စစ်အာဏာရှင်၏ ဘီလူးအစွယ် ကမ္ဘာသိ ထုတ်ပြခဲ့ခြင်းပင် ဖြစ်သည်။ “ဒါးကို ဒါးချင်း လှံကို လှံချင်း” ဆို သည့် ကမ်းကုန်အောင် မောက်မာ ကြမ်းကြုတ်သော စိန်ခေါ်သံကိုလည်း လူသိရှင်ကြား ဟစ်ကြွေးခဲ့၏။
၂။ လက်နက်ဖြင့် အနိုင့်အထက်ပြုကျင့်သော စစ်အာဏာရှင်စနစ်၏ ရိုင်းစိုင်း ရက်စက်သည့် အစဉ်အလာဆိုးကို တိုး
လျှိုးတောင်းပန်၍ မရနိုင်၊ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာ၍ မဖြစ်နိုင်ကြောင်း သမိုင်းသင်္ခန်းစာအား ကျောင်းသားထု ၏ သွေးနှင့်စက်လျက် လူမျိုးစုံဗမာပြည်သူများအား ညွှန်းပြ ကမ္ပည်းထိုးခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ ၃။ ၎င်းတို့အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အတွက် ၂၀၂၁၊ ဖေဖေါ်ဝါရီ (၁) ရက်နေ့ အာဏာသိမ်းမှုအပြီးမှ ၂၀၂၅၊ ဇွန်လ(၃၀) ရက်နေ့အထိ အရပ်သားပြည်သူ (၆၈၄၀) ယောက်အထိ သတ်ဖြတ်ခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရ သည်။ ထို့ကြောင့်လည်း “(၇၊ ၇၊ ၆၂) မမေ့ကြနဲ့” ဟူသော ၇-ဇူလိုင် သွေးမော်ကွန်းသည် ယနေ့ နွေဦးတော်လှန်ရေး ကာလအထိ လေးနက်သော သမိုင်းသင်္ခန်းစာအား ခိုင်ကျည်စွာ ညွှန်းပြလျက်ရှိသည်။
၄။ လူမျိုးစုံဗမာပြည်သူလူထုကြီးသည် ၇ ဇူလိုင် သမိုင်းမော်ကွန်းက ညွှန်ပြခဲ့သည့်အတိုင်း ယနေ့တွင် နွေဦးတော် လှန်ရေး ပြည်သူ့ခုခံစစ်ကြီးကို တခဲနက် ဆင်နွှဲကြလျက် “စစ်အာဏာရှင်စနစ် အမြစ်ဖြတ်သုတ်သင်ရေး” ကို ရဲဝံ့ ဂုဏ်ပြောင်စွာ ဆင်နွှဲနေကြပေသည်။
၅။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေသမျှ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားသွေးစည်းညီညွတ်ရေးဆိုင် ရာ ပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်သလို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို အောင်အောင်မြင်မြင် တည် ဆောက်နိုင်လိမ့်မည် မဟုတ်သည်ကို မျက်ကွယ်ပြု၍ အလျှော့ပေး စေ့စပ်ကျေအေးရန် တွန်းပို့သော နည်းနာများနှင့် ၂၀၀၈ ခြေ/ဥ ပြန်လည်အသက်သွင်းရန် ကြိုးပမ်းသော အတုအယောင် ရွေးကောက်ပွဲတို့သည် “စစ်အုပ်စု သက်ဆိုး ရှည်ရေး” သာ ဖြစ်၍ နွေဦးတော်လှန်ရေး၏ ဦးတည်ချက်၊ လိုလားချက်များကို ဆန့်ကျင်ခြင်း ဖြစ်ပြီး မိမိတို့နိုင်ငံ သမိုင်း၏ ပကတိ အခြေအနေကို ဇွတ်မျက်ကွယ်ပြုရာ ရောက်ပေသည်။
၆။ ထိုကြောင့် နွေဦးတော်လှန်ရေးအင်အားစုများအနေဖြင့် တော်လှန်ရေး၏ လိုလားချက်များ ပြည့်မြောက် အောင်မြင် သည်အထိ “၇-ဇူလိုင် သွေး သင်္ခန်းစာ” ကို ကောင်းစွာနာယူ စွဲကိုင်လျက် မိမိတို့ တာဝန်ကျရာ ကဏ္ဍအသီးသီးအလိုက် အတူလက်တွဲ၍ ပူးပေါင်း တိုက်ပွဲဝင်သွားကြရန် လိုအပ်ကြောင်း မိမိတို့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘော ထားကို ထုတ်ပြန်အပ်ပါ သည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂ဝ၂၅ ခုနှစ်၊ ဇူလိုင်လ (၇) ရက်။