UNA နှင့် မိတ်ဖက်အဖွဲ့အစည်းအများ နှီးနှောဖလှယ်ပွဲ တက်ရောက်ဆွေးနွေး

ပါတီလှုပ်ရှားမှုများ

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA – United Nationalities Alliance)နှင့် မိတ်ဖက်အဖွဲ့အစည်းအများ နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့ရှိ Green Hill Hotel ၌ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ဆက်လက်ပြုလုပ်ခဲ့ပါသည်။ “ဖက်ဒရယ်ပြည်ထောင်စု၊ ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး” ဟူသည့်ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ပြုလုပ်ခြင်းဖြစ်သည်။ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့၏ အဖွင့်အမှာစကားကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောကြားခဲ့ပါသည်။ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် အဖွဲ့ဝင်ပါတီများ၊ မိတ်ဖက် ပါတီများ၊ မိတ်ဖက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ မိတ်ဖက် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ခေါင်းဆောင်များ ဆွေးနွေးပွဲတက်ရောက်ကြပြီး ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ခေါင်းစဉ်သုံးခုဖြင့် အုပ်စုလိုက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးမှုရလဒ်နှင့် စုစည်းရရှိချက်များကို အခြေခံ၍ သဘောထားကြေငြာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ ဒု-ဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံနှင့် အထွေထွေအတွင်းရေးမှူး ဦးသီဟထွဋ်ခင်တို့ တက်ရောက်ခဲ့ကြပါသည်။

Photo – Tun Win Nyein