SYCB တည်ထောင်ခြင်း ၂၂ နှစ်ပြည့် အခမ်းအနားသို့တက်ရောက်

ပါတီလှုပ်ရှားမှုများ

မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက် SYCB ဖွဲ့စည်းတည်ထောင်ခြင်း ၂၂ နှစ်ပြည့်အခမ်းအနားကို ၂၀၁၈ ဇန်နဝါရီ ၈ ရက်နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ Orchid ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ လူ့ဘောင်သစ်လူငယ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နှင့် ဖိတ်ကြားထားသည့်ဧည့်သည်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် SYCB သဘာပတိအဖွဲ့နှင့် အကြံပေးအဖွဲ့ဝင်ဟောင်းတဦးဖြစ်သည့် DPNS ဗဟိုဦးဆောင်ကော်မတီဝင် ဦးတိုးတိုးထွန်းလည်း တက်ရောက်ပြီး အမှတ်တရစကား ပြောကြားခဲ့ပါသည်။ အမှတ်တရစကားပြောကြားရာတွင် လက်ရှိနိင်ငံရေးအခင်းအကျင်း လူမျိုးပေါင်းစုံကျောင်းသားလူငယ်များသွေးစည်းချစ်ကြည်ပြီး အတူတကွပူးပေါင်းလက်တွဲဆောင်ရွက်ကြရေး စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး ငြိမ်းချမ်းရေး ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး ၂၁ ရာစုပင်လုံညီလာခံ၏ လက်ရှိအခြေအနေ အပစ်အခတ်ရပ်စဲရေးစာချုပ်NCA ပျက်သလိုဖြစ်နေပြီး စစ်ပွဲများဖြစ်ပွါးနေသည့်အခြေအနေများကို ထည့်သွင်းပြောကြားခဲ့ပါသည်။

[ngg_images source=”galleries” container_ids=”337″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]