NNER လုပ်ငန်းအဖွဲ့အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ပါတီလှုပ်ရှားမှုများ

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) လုပ်ငန်းအဖွဲ့၏ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၇ ဧပြီလ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် NNER ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် တတိယအကြိမ် ပညာရေးညီလာခံ အသေးစိတ်အစီအစဉ်များနှင့် ဖိတ်ကြားရေးဆိုင်ရာ ကိစ္စရပ်များ၊ NNER အမျိုးသားပညာရေးမူဝါဒကို ပြန်လည်သုံးသပ်ခြင်း၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (NESP) အပေါ် သဘောထားတို့ကို ဆွေးနွေးခဲ့ကြပါသည်။