NNER ပညာရေးဟောပြောဆွေးနွေးပွဲ မကွေးတွင်ကျင်းပ

ပါတီလှုပ်ရှားမှုများ

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) မကွေးကွန်ရက်မှ စီစဉ်ကျင်းပသော ပညာရေးဟောပြောဆွေးနွေးပွဲကို ၂၀၁၆၊ သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၉:ဝ၀ နာရီက မကွေးဟော်တယ်ခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲ၌ ဆရာဦးခင်မောင်ကြင်က ပညာရေးဖွံ့ဖြိုးတိုးတက်ရေးတွင် သင်ရိုးညွှန်းတမ်း အခန်းကဏ္ဏ၊ ကိုရဲဝင်းက ၂၀၁၆-၂၀၁၇ ပညာရေးနှစ်တွင် ကျောင်းအပ်နှံခွင့် ငြင်းပယ်ခံရသော မသန်စွမ်းကလေးများနှင့် ကျောင်းတွင် တွေ့ကြုံရသည့် အခက်ခဲများစစ်တမ်း၊ ဒေါက်တာသိန်းလွင်က လက်ရှိနိုင်ငံရေးအခြေအနေအောက်က ပညာရေးပြောင်းလဲမှုကို သုံးသပ်ခြင်းဟူသည့် ခေါင်းစဉ်များဖြင့် ဟောပြောခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ ပညာရေးပြုပြင်ပြောင်းလဲရေးကို စိတ်ပါဝင်စားသည့် ဒေသခံများ၊ ဆရာဆရာမများ၊ အငြိမ်းစားပညာရေးဝန်ထမ်းများ၊ ကျောင်းသားသမဂ္ဂများ၊ ပညာရေးလုပ်ငန်း လုပ်ဆောင်နေသည့် အဖွဲ့အစည်းများ၊ NNER လုပ်ငန်းအဖွဲ့ဝင်များ၊ NNER ပြည်နယ်နှင့်တိုင်း ကွန်ရက်အဖွဲ့ဝင်များ တက်ရောက်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။