Gender Gap Conference သို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

စင်္ကာပူနိုင်ငံ Hotel Fort Canning တွင် ၂၀၁၆၊ အောက်တိုဘာလ ၁၃ ရက်မှ ၁၄ ရက်နေ့အထိ Gender Gap Conference ကျင်းပခဲ့ရာ ဆွီဒင်၊ ဂျာမနီ၊ မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ နီပေါ၊ မြန်မာနိုင်ငံ စုစုပေါင်း ၁၀ နိုင်ငံမှ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ အလုပ်သမားသမဂ္ဂကိုယ်စားလှယ်များနှင့် လူငယ်ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဒေါ်နိုးနိုးထက်စံနှင့် ဗဟိုစည်းရုံးရေးကော်မတီဝင် ဒေါ်ခင်ခင်ကြိုင်တို့ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။ လက်ရှိမြန်မာနိုင်ငံ၏ ကျား-မတန်းတူရေး၊ ကိုတာစနစ်၊ အမျိုးသမီးများအား အကာအကွယ်ပေးမည့် ဥပဒေများပေါ်ပေါက်ရေး၊ လူ့အသိုင်းအဝိုင်းတွင် မှားယွင်းစွာကျင့်သုံးနေမှုများကို ပြုပြင်ပြောင်းလဲရန်၊ အကန့်အသတ်ဖြစ်နေသည့် အခြေအနေများ အစရှိသည်တို့ကို ဒေါ်နိုးနိုးထက်စံမှ ဆွေးနွေးတင်ပြခဲ့ပါသည်။