မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်နှင့် ပါတီရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဖက်ပင်အိုင်၊ ဆုံရွာ၊ တဲကြီးကုန်း၊ မြစ်သာ၊ ငနန်း၊ နံ့သာလှိုင်၊ ညောင်ပင်သာ အစရှိသည့် ကျေးရွာများသို့ သွားရောက်ခဲ့ကြပါသည်။ ၎င်းကျေးရွာများရှိ ကျေးလက်နေပြည်သူများအား လက်ကမ်းစာစောင်များ ဝေငှခဲ့ကြပါသည်။ ရွေးကောက်ပွဲအနိုင်ရရှိပါက ပါတီကဆောင်ရွက်ပေးမည့်ကိစ္စရပ်များနှင့် ပါတီ၏မူဝါဒများ၊ ရပ်တည်ချက်များကိုလည်း ရှင်းလင်းတင်ပြခဲ့ကြပါသည်။