DPNS အမျိုးသမီးလုပ်ငန်းကော်မတီ သတင်းစာရှင်းလင်းပွဲ ကျင်းပ

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီ-WWC ၏ သတင်းစာရှင်းလင်းပွဲကို ၂၀၁၈၊ မတ်လ ၅ ရက်၊ နေ့လည် ၃းဝ၀ နာရီတွင် ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ်(CEDAW)၏ အပိုဒ် ၂၉ အား ခြွင်းချက်အဖြစ် ချန်လှပ်မထားဘဲ အစိုးရမှ လက်မှတ်ရေးထိုးရန် WWC က တိုက်တွန်းတောင်းဆိုခဲ့ပါသည်။ မြန်မာနိုင်ငံအမျိုးသမီးထု၏ လက်ရှိအခြေအနေကို ဒေါ်နှင်းနှင်းမွှေး(WWC အကြံပေး)ကလည်းကောင်း၊ CEDAW ပါ အချက်အလက်များကို ဒေါ်နိုးနိုးထက်စံ(WWC အဖွဲ့ဝင်)ကလည်းကောင်း၊ မည်သည့်အတွက်ကြောင့် အစိုးရအား တိုက်တွန်းတောင်းဆိုရသည်နှင့် လက်ကမ်းစာစောင်ဝေငှသည့် လှုပ်ရှားမှုအခြေအနေကို မသက်ဇွန်လင်းထင်(WWC ဆက်သွယ်ရေးတာဝန်ခံ)ကလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပါသည်။ အစီအစဉ်အကျိုးဆောင်အဖြစ် လူ့ဘောင်သစ်လူငယ်အတွင်းရေးမှူး မစိမ့်အိစံက ဆောင်ရွက်ပေးခဲ့ပါသည်။

[ngg_images source=”galleries” container_ids=”362″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]