DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူဒါန

ပါတီလှုပ်ရှားမှုများ

၂၀၂၀၊ ၂၉ ၊ မေ၊ ပုသိမ်။

ပါတီကိုယ်စား ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးမောင်မောင်ကြီးက တာဝန်ရှိသူများကို ပေးအပ်လှူဒါန်းနေစဉ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူအဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးအတွက် လိုအပ်နေသည့် ဆေးဘက်ဆိုင်ရာပစ္စည်းများကို လှူဒါန်းလျက်ရှိပါသည်။ ၂၀၂၀၊ မေလ၊ ၂၉ ရက်နေ့တွင် COVID-19 ကာကွယ်ရေး စေတနာ့ဝန်ထမ်းဆောင်ရွက်နေကြသည့် Volunteer Team- Pathein အတွက် PPE ဝတ်စုံ ၁၀ စုံကို ပါတီကိုယ်စား ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးမောင်မောင်ကြီးက တာဝန်ရှိသူများကို ပေးအပ်လှူဒါန်းခဲ့ပါသည်။