DPNS ဗဟိုဦးဆောင်ကော်မတီနှင့် WWC တွေ့ဆုံဆွေးနွေး

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီနှင့် ပါတီ၏ အမျိုးသမီးလုပ်ငန်းကော်မတီ – WWC(Women Working Committee) တို့သည် ၂-၁-၂၀၁၇ ရက်နေ့တွင် ပါတီဌာနချုပ်ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဒီဇင်ဘာ ၂၇- ၂၈ တို့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးရရှိချက်များ ရှေ့လုပ်ငန်းစဉ်များကို WWC အဖွဲ့ဝင်များက တင်ပြဆွေးနွေးခဲ့ပါသည်။ ၂၉- ၃၀- ၃၁ ရက်နေ့များတွင် ပြုလုပ်ခဲ့သည့် အမျိုးသမီးခေါင်းဆောင်မှုသင်တန်း ရရှိချက်နှင့် အခြေအနေတို့ကိုလည်း တင်ပြခဲ့ကြပါသည်။ ပါတီဥက္ကဋ္ဌနှင့် ပါတီတာဝန်ရှိသူများက WWC ပေါ်ပေါက်လာခြင်းကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များတွင် ပါတီအနေဖြင့် တတ်နိုင်သ၍ ကူညီမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် သိလိုသည်များနှင့် လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ကြပြီးနောက် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

[ngg_images source=”galleries” container_ids=”321″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]