Asia Pacific Campaign Forum တက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

သြစတြေးလျနိုင်ငံ လေဘာပါတီ နိုင်ငံတကာဆက်ဆံရေးဌာနက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော Asia Pacific Campaign Forum ကို ၂၀၁၉၊ ဇွန်လ၊ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ ကဲန်းမြို့တွင် နှစ်ရက်တာကျင်းပခဲ့ပါသည်။ သြစတြေးလျနိုင်ငံ လေဘာပါတီ နိုင်ငံတကာဆက်ဆံရေးဌာနက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော Asia Pacific Campaign Forum ကို ၂၀၁၉၊ ဇွန်လ၊ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ ကဲန်းမြို့တွင် နှစ်ရက်တာကျင်းပခဲ့ပါသည်။
ထိုဆွေးနွေးပွဲသို့ အိန္ဒိယ၊ အရှေ့တီမော၊ ပါပူဝါနယူးဂီနီ၊ နယူးဇီလန်၊ အင်ဒိုနီးရှား၊ သြစတြေးလျနိုင်ငံတို့မှ မိတ်ဖက်နိုင်ငံရေးပါတီများ၊ အလုပ်သမားသမဂ္ဂများ တက်ရောက်ခဲ့ကြပြီး မိမိတို့ အဖွဲ့အစည်းများအား မိတ်ဆက်ခြင်း၊ နိုင်ငံတခုချင်းစီ၏ ရွေးကောက်ပွဲအောင်နိုင်ရေးလှုပ်ရှားမှု အတွေ့အကြုံများအား ဖလှယ်ခြင်း၊ အောင်နိုင်ရေးမဟာဗျူဟာများ စုပေါင်းလေ့လာခြင်းတို့ ပြုလုပ်ခဲ့ပါသည်။
၎င်းဖိုရမ်သို့ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ ဒု ဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် နန်းခင်စောနှင့် နန်းစမ်းစမ်းအေးတို့ တက်ရောက်ခဲ့ကြပါသည်။ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က DPNS ပါတီအကြောင်းနှင့် ပါတီ၏ရွေးကောက်ပွဲ အတွေ့အကြုံများအား မိတ်ဖက်ပါတီများအား ရှင်းလင်းတင်ပြခဲ့ပါသည်။

[ngg src=”galleries” ids=”598″ display=”basic_thumbnail”]