၅၇ နှစ်မြောက် ၇ ဇူလိုင်အခမ်းအနားသို့ တက်ရောက်ဂါရဝပြု

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ


(၂၀၁၉၊ ဇူလိုင်၊ ၇)

ဗကသများအဖွဲ့ချုပ်က ဦးဆောင်ကျင်းပသည့် ၇ ဇူလိုင် ၅၇ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ တကသအဆောက်အဦး မြက်ခင်းပြင်တွင် ယနေ့နံနက်ပိုင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ၁၉၆၂၊ ၁၉၇၄- ၇၅- ၇၆၊ ၁၉၈၈၊ ၂၀ဝ၇ အစရှိသည့် ကျောင်းသားမျိုးဆက်အသီးသီး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရဲဘော်များ၊ လူ့ဘောင်သစ်လူငယ်များ တက်ရောက်ဂါရဝပြုခဲ့ကြပါသည်။ ၇ ဇူလိုင် (၅၇)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားများသို့ ပါတီမှပေးပို့သော သဝဏ်လွှာကို ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၁)က ဖတ်ကြားခဲ့ပါသည်။
လွန်ခဲ့သည့် (၅၇)နှစ် ဇူလိုင် ၇ ရက်နေ့တွင် အေးချမ်းစွာ ဆန္ဒပြနေကြသည့် ကျောင်းသားများအား တပ်က အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ဇူလိုင် ၈ ရက်နေ့တွင် သမိုင်းဝင် တကသ အဆောက်အဦးကိုပါ မိုင်းခွဲဖျက်ဆီးပစ်ခဲ့သည်။

[ngg src=”galleries” ids=”627″ display=”basic_thumbnail”]