ဧရာဝတီတိုင်းဒေသကြီးစည်းရုံးရေးကော်မတီ အစည်းအဝေးကျင်းပ

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဧရာဝတီတိုင်းဒေသကြီးစည်းရုံးရေးကော်မတီအစည်းအဝေးကို ၂၀၁၈ ဇူလိုင်လ ၄ ရက်နေ့တွင် ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီးစည်းရုံးရေးကော်မတီရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပါတီအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးက အဖွင့်စကားပြောကြားခဲ့ပါသည်။ ဧရာဝတီတိုင်းဥက္ကဋ္ဌ ဦးတိုးတိုးထွန်းက အစည်းအဝေးခေါ်ယူရခြင်းရည်ရွယ်ချက်နှင့် ပါတီလက်ရှိဆောင်ရွက်နေသော နိုင်ငံရေး၊ စည်းရုံးရေးလုပ်ငန်းစဉ်များ၊ ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်ခေါင်းဆောင်အသီးသီးက မိမိတို့ဒေသအခြေအနေများကို ပြန်လည်တင်ပြခဲ့ကြပါသည်။ ထို့နောက် ဆက်လက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”441″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]