အလုပ်​သမား​ရေးရာ အငြင်းပွားမှု ​ဖြေရှင်း​ရေး ဥပ​ဒေ ပြင်​ဆင်​ချက်​များကိစ္စ သတင်းစာရှင်းလင်းပွဲ တက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၂ အလုပ်​သမား​ရေးရာ အငြင်းပွားမှု ​ဖြေရှင်း​ရေး ဥပ​ဒေ၏ ပြင်​ဆင်​ချက်​အချို့အား ပြည်​​ထောင်​စုလွှတ်​​တော်​က အတည်​ပြုလိုက်​သည့်ကိစ္စနှင့် ပါတ်​သက်​သည့် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ Myanmar Press Freedon Center ၌ ၂၀၁၉၊ မေလ၊ ၂၀ရက် နေ့လည်ပိုင်း၌ ပြုလုပ်ခဲ့ပါသည်။ ဤသတင်းစာရှင်းလင်းပွဲကို အလုပ်​သမားအဖွဲ့ချုပ်​​များအပါအဝင်​ အလုပ်​သမားအ​ရေး ဆောင်ရွက်နေကြသည့် အရပ်​ဖက်​အဖွဲ့အစည်း​ စုစု​ပေါင်း ၁၃ ဖွဲ့က စု​ပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၂ အလုပ်​သမား အငြင်းပွားမှု​ဖြေရှင်းခြင်းဥပ​ဒေတွင် ပြင်​ဆင်​ချက်​​များ စတင်​​ရေးဆွဲ​စဉ်ကပင် အလုပ်​သမား​အရေးဆောင်ရွက်နေသည့် အဖွဲ့အစည်း​များ၊ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များက အလုပ်​သမားများကိုယ်​စား သက်​ဆိုင်​ရာ လွှတ်​​တော်​​ရေးရာ​ကော်​မတီ​များ၊ ဝန်​ကြီးဌာနတာဝန်​ရှိသူ​များအား ချဉ်းကပ်​၍ အလုပ်​သမားအခွင့်အ​ရေးများ နစ်​နာဆုံးရှုံးမှုမရှိ​စေ​ရေး ဆွေး​နွေးတင်​ပြခဲ့ကြပါသည်။ ယင်းတင်ပြချက်များသည် အလုပ်​သမားထု၏ သ​ဘောထားဆန္ဒ၊ အမှန်​လိုလားချက်​များဖြစ်​​ကြောင်းကို အစိုးရနှင့် လွှတ်​​တော်​တို့သိရှိ​စေရန်အတွက် အလုပ်​သမားဆန္ဒထုတ်​​ဖော်​ပွဲများလည်း အကြိမ်​ကြိမ်​ပြုလုပ်​ခဲ့ကြပါသည်။ သို့သော်​လည်း ယခုပြင်​ဆင်​ချက်​များသည်​ အလုပ်သမားထုဆန္ဒကို မျက်​ကွယ်​ပြု၍ လုပ်​ငန်းရှင်​များအလိုကျ ​ရေးဆွဲပြဋ္ဌာန်း အတည်​ပြုလိုက်​ခြင်းဖြစ်​ပြီး ကုလသမဂ္ဂလူ့အခွင့်အ​ရေး​ကြေညာစာတမ်းပါအချက်​များနှင့် ILO Convention 98 ၏ စု​ပေါင်း​တောင်းဆိုမှု၊ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အလုပ်သမားများ၏အခွင့်အ​ရေး စသည့် အာမခံချက်​နှင့် ရပိုင်​ခွင့်များ ဆုံးရှုံးသွားရခြင်း ဖြစ်​​ကြောင်း ရှင်းလင်းပြောကြားခဲ့ကြပါသည်​။ ၎င်းသတင်းစာရှင်းလင်းပွဲသို့ DPNS အလုပ်သမားရေးရာကော်မတီ တာဝန်ရှိသူများနှင့် လူ့ဘောင်သစ်လူငယ်အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ကြပါသည်။

[ngg src=”galleries” ids=”586″ display=”basic_thumbnail”]