“အမျိုးသမီးများဦးဆောင်မှုအလုပ်ရုံဆွေးနွေးပွဲ” ပထမနေ့

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက စီစဉ်ပြုလုပ်သည့် “အမျိုးသမီးများဦးဆောင်မှုအလုပ်ရုံဆွေးနွေးပွဲ” ပထမနေ့ကို ၂၀၁၇ ဒီဇင်ဘာ ၂၇ ရက်နေ့မှ စတင်၍ ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲ၌ ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်က အဖွင့်အမှာစကား ပြောကြားရာတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်နိုင်မှု အခြေအနေ မြင့်တက်လာစေရေးသည် အမှန်တကယ် အရေးကြီးသည့်လုပ်ငန်းဖြစ်ကြောင်း ပါတီအနေဖြင့် ကူညီဆောင်ရွက်ပေးနိုင်သည့် ကိစ္စများရှိပါကလည်း အစွမ်းကုန် အကူအညီပေးမည်ဖြစ်ကြောင်းကို ထည့်သွင်းပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပါတီလုပ်ငန်းများဆောင်ရွက်ရာ၌ အမျိုးသမီးများပါဝင်မှု မြင့်တက်လာစေရန် လုပ်ဆောင်ရမည့် အခြေအနေများ တွေ့ကြုံရသည့်အခက်အခဲများကို ဝိုင်းဝန်းဆွေးနွေးအဖြေရှာခဲ့ကြပါသည်။ဆွေးနွေးပွဲကို ငါးရက်ကြာကျင်းပမည်ဖြစ်ပြီး ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်အမျိုးသမီးများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”313″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]