“အမျိုးသမီးများဦးဆောင်မှု အလုပ်ရုံဆွေးနွေးပွဲ” တတိယမြောက်နေ့

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက စီစဉ်ပြုလုပ်သည့် “အမျိုးသမီးများဦးဆောင်မှု အလုပ်ရုံဆွေးနွေးပွဲ” တတိယမြောက်နေ့ကို ၂၀၁၇ ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ဆက်လက်ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် အမျိုးသမီးများအပေါ် ခွဲခြားမှုများအားလုံး ပပျောက်ရေးသဘောတူညီချက်ဆိုင်ရာစာချုပ် (စီဒေါ)ပါ အချက်အလက်များကို ဆွေးနွေးခဲ့ကြပါသည်။ Ebba Kohl ကလည်း ဆွီဒင်နိုင်ငံအမျိုးသမီးလှုပ်ရှားမှုအဆင့်ဆင့် ပြောင်းလဲတိုးတက်လာပုံကို ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်အမျိုးသမီးများ၊ ရေကြည်၊ ချောင်းသာ၊ အင်္ဂပူ၊ လပွတ္တာ၊ တံတားဦး၊ မြင်းခြံ၊ ပွင့်ဖြူ၊ ဆားလင်းကြီးမြို့နယ်တို့မှ အမျိုးသမီးခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။