အမျိုးသမီးအသင်းအဖွဲ့များကွန်ရက်(WON-မန္တလေး)၏ စီစဉ်မှုဖြင့် အမျိုးသမီးများ အချိုးကျပါဝင်ခွင့် ပိုမိုကျင့်သုံးနိုင်ရေး၊ အိမ်တွင်းအကြမ်းမဖက်ရေး စသည့် အမျိုးသမီးများအခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲများကို မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ ကန်ဆင့်ကျေးရွာနှင့် မန်ကျည်းပင်စုကျေးရွာများတွင် ၂၉၊၁၀၊၁၆ ရက်နေ့က ပြုလုပ်ပါခဲ့သည်။ ၎င်းဆွေးနွေးပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ဒေါ်ခင်ခင်ကြိုင်လည်း ပါဝင် ဟောပြော ဆွေးနွေးပေးခဲ့ပါသည်။