အင်္ဂပူမြို့နယ် ဆွမ်းချက်အင်းကျေးရွာ၌ ဒေသခံ လယ်သမားများနှင့် တွေ့ဆုံ

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ပါတီ၏ တောင်သူလယ်သမားရေးရာကော်မတီ တာဝန်ရှိသူများသည် ၂၀၁၇၊ သြဂုတ်လ ၁၃ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ဆွမ်းချက်အင်းကျေးရွာ၌ ဒေသခံလယ်သမားများနှင့် တွေ့ဆုံခဲ့ကြပါသည်။
ထိုသို့တွေ့ဆုံရာတွင် ပါတီဥက္ကဋ္ဌက ပါတီ၏ လယ်ယာမြေဆိုင်ရာမူဝါဒနှင့် သဘောထားလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ဒေသခံတောင်သူလယ်သမားများဖက်ကလည်း ၎င်းတို့ရင်ဆိုင်ကြုံတွေ့နေရသည့် လယ်ယာမြေ ပြဿနာများကို တင်ပြဆွေးနွေးခဲ့ကြရာ တောင်သူလယ်သမားရေးရာကော်မတီ ခေါင်းဆောင်များဖြစ်ကြသည့် ဦးတိုးတိုးထွန်း၊ ဦးအောင်မိုးဝင်းနှင့် ဥပဒေအကြံပေး ဦးအောင်တင်သိန်းတို့က ပြန်လည်ဆွေးနွေးပေးခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”249″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]