အင်ဒိုနီးရှားနိုင်ငံ၊ ဆာမန်ဂီးလှုပ်ရှားမှု နှစ်ပတ်လည် အမှတ်တရဆွေးနွေးပွဲသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

၁၉၉၈ ခုနှစ် က အင်ဒိုနီးရှားတွင် ပေါ်ပေါက်ခဲ့သည့် အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများထဲမှ အရေးပါသည့် ဆာမန်ဂီးလှုပ်ရှားမှုနှစ်ပတ်လည် အမှတ်တရဆွေးနွေးပွဲကို ဂျာကာတာမြို့တော် ဆာမန်ကီးဒေသရှိ အက်မာဂျာယာတက္ကသိုလ်၌ ၂၀၁၇ စက်တင်ဘာ ၁၈ ရက်နေ့တွင် ဒုတိယနေ့အစီအစဉ်အဖြစ် ကျင်းပခဲ့ပါသည်။ ဆာမန်းဂီးလူထုလှုပ်ရှားမှုတွင် ကျဆုံးခဲ့သူများ နစ်နာဆုံးရှုံးခဲ့ရသူများအတွက ်တရားမျတမှုကို ဘယ်လိုရှာဖွေမလဲ အတိတ်က လှုအခွင့်အရေးချိုးဖောက်ခံရမှုများအတွက် တရားမျှတမှု ဘယ်လိုရှာဖွေမလဲဆိုသည့် ခေါင်းစဉ်ဖြင့် နိုင်ငံတကာဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကျောင်းသူကျောင်းသားများ ပညာရှင်များ ဆာမန်းဂီးလူထုလှုပ်ရှားမှုတွင် ကျဆုံးခဲ့သူများ၏ မိသားစုဝင်များ မြန်မာ ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်တက်ရောက်ပြီး ၁၉၈၈ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံနှင့် လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများကို ဆွေးနွေးတင်ပြခဲ့ပါသည်။

[ngg_images source=”galleries” container_ids=”260″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]