သတင်းစာဆရာကြီးဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား

ပါတီလှုပ်ရှားမှုများ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီးဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ၂၁-၄-၂၀၁၈ နံနက်ပိုင်းတွင် ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျွန်းပြန်နိုင်ငံရေးအင်အားစု ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ နိုင်ငံရေးအကျဉ်းသားဟောင်းများ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ရန်ကုန်မြို့တော်ဝန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဆရာဦးဝင်းတင်ကို ချစ်ခင်လေးစားသူများ အခမ်းအနားတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဂုဏ်ပြုအမှတ်တရစကားများ ပြောကြားခဲ့ကြပြီး ပေးပို့လာသည့် သဝဏ်လွှာများကိုလည်း ဖတ်ကြားခဲ့ကြပါသည်။ အခမ်းအနားအပြီးတွင် ရေဝေးသုသာန်ရှိ ဆရာဦးဝင်းတင်၏အုတ်ဂူသို့ သွားရောက်အလေးပြုခဲ့ကြပါသည်။ ဟံသာဝတီဦးဝင်းတင်သည် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး စစ်အာဏာရှင်စနစ်အကြွင်းမဲ့ဖျက်သိမ်းရေး ဒီမိုကရေစီရေးတို့အတွက် နောက်ဆုံးအချိန်ထိ ပြည်သူ့ဘက်မှ ရပ်ခံတိုက်ပွဲဝင်ခဲ့သူဖြစ်ပါသည်။

[ngg_images source=”galleries” container_ids=”380″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]