သခင်ဗဟိန်း နှစ်(၁၀ဝ)ပြည့်အခမ်းအနား ကျင်းပရေး အမှုဆောင်ကော်မတီဖွဲ့စည်း

ပါတီလှုပ်ရှားမှုများ

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် ထင်ရှားသော ခေါင်းဆောင်တဦးဖြစ်သည့် သခင်ဗဟိန်း(၁၉၁၇-၁၉၄၆) နှစ်(၁၀ဝ)ပြည့်အခမ်းအနား ကျင်းပနိုင်ရေးအတွက် အမှုဆောင်ကော်မတီဖွဲ့စည်းသည့် အစည်းအဝေးကို ၂၀၁၆၊ စက်တင်ဘာ ၂၄ ရက် နံနက် ၉းဝ၀ နာရီက မန္တလေးမြို့ရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက် ရုံးခန်း၌ ကျင်းပခဲ့ပါသည်။ ထိုအစည်းအဝေးသို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် အထက်မြန်မာပြည် အဖွဲ့ဝင်များ၊ ဗကသများအဖွဲ့ချုပ်ခေါင်းဆောင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းများ၊ သခင်ဗဟိန်းကို ချစ်ခင်လေးစားသူများ တက်ရောက်ခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ဒေါ်မေဖြူဆွေ၊ မန္တလေးတိုင်းစည်းရုံးရေးကော်မတီဝင် ဦးဇော်ဝင်းနှင့် ဦးသန်းထွန်းအောင်တို့လည်း တက်ရောက်ခဲ့ကြပါသည်။