လွပ်လပ်သောမြန်မာနိုင်ငံလုံးဆိ်ုင်ရာအလုပ်သမားရေးရာအဖွဲ့ ဗဟိုစည်းရုံးရေးကော်မတီ၏ သတင်းစာရှင်းလင်းပွဲ တက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

လွပ်လပ်သောမြန်မာနိုင်ငံလုံးဆိ်ုင်ရာအလုပ်သမားရေးရာအဖွဲ့ ဗဟိုစည်းရုံးရေးကော်မတီ၏ သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီလ ၁၈ ရက် နေ့လည်ပိုင်းတွင် ရန်ကုန်မြို့၊ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ ဇန်နဝါရီ ၁၀ ရက်နေ့က နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ပြုလုပ်သည့် အလုပ်ရှင်၊ အလုပ်သမားပဋိပက္ခများနှင့် လိုအပ်မည့်စည်းမျဉ်း၊စည်းကမ်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၌ အမြဲတန်းအတွင်းဝန် ဦးမျိုးအောင်က အလုပ်ရှင်၊ အလုပ်သမားပြဿနာ ကြီးထွားလာခြင်းတွင် တရားမဝင်အဖွဲ့အစည်းများ (အလုပ်သမားရေးရာ ကူညီဆောင်ရွက်သူများ) ပါဝင်ပတ်သက်နေကြောင်း ပြောကြားခဲ့ခြင်းအပေါ်
ပြန်လည်ရှင်းလင်းကန့်ကွက်သည့် သတင်းစာရှင်းလင်းပွဲဖြစ်ပါသည်။ ၎င်းသတင်းစာရှင်းလင်းပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အလုပ်သမားရေးရာကော်မတီမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါသည်။

[ngg src=”galleries” ids=”528″ display=”basic_thumbnail”]