ရွှေဝါရောင်တော်လှန်ရေး ၉ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား

ပါတီလှုပ်ရှားမှုများ

နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး ၉ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကစံဓမ္မပီယ သာသနာ့ရိပ်သာ၌ ၁၈- ၉- ၁၆ နေ့လည် ၁၂းဝ၀ နာရီမှ ၁းဝ၀ နာရီအထိ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ရွှေဝါရောင်ဦးဆောင် သံဃာတော်တပါးဖြစ်သည့် ဆရာတော်ဦးပဏ္ဍဝံသက သြဝါဒစကား မြွက်ကြားခဲ့ပြီး အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်ကို ဆရာတော်ဦးစန္ဒာသီရိက ရှင်းလင်းတင်ပြခဲ့ပါသည်။ ရွှေဝါရောင်တော်လှန်ရေး ၉ နှစ်မြောက် သဘောထားကြေညာချက်ကို ဆရာတော်သီးအဂ္ဂရာဇာ က ဖတ်ကြားခဲ့ပါသည်။ ထို့နောက် မန္တလေး ဂဠုန်နီဆရာတော် ဦးကာဝိယ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်နှင့် ဘာသာကြီးလေးရပ် ဆရာတော်ကြီးများက ဂုဏ်ပြုအမှတ်တရစကားများ ပြောကြားခဲ့ကြပါသည်။