ရန်ကုန်မြို့ ဘက်စုံဖွံ့ဖြိုးမှု အခြေခံအချက်အလက်များနှင့် အဆိုပြုချက်များ ဆွေးနွေးပွဲသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

 

Renaissance Institute မှ စီစဉ်သော ရန်ကုန်မြို့ ဘက်စုံဖွံ့ဖြိုးမှု အခြေခံအချက်အလက်များနှင့် အဆိုပြုချက်များ ဆွေးနွေးပွဲကို ၂၀၁၆၊ မေလ ၅ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

ထိုဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ပညာရှင်များ၊ လူထုအခြေပြု အရပ်ဖက်အဖွဲ့ အစည်းများ၊ နိုင်ငံရေးပါတီများ တက်ရောက်ဆွေးနွေးကြပါသည်။ ဆွေးနွေးပွဲသို့ ပါတီမှ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေး တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးတို့က အမှာစကား ပြောကြားခဲ့ကြပါသည်။ ထို့နောက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဌာနကိုယ်စား ဒေါက်တာတိုးအောင်က ဆောင်ရွက်ပြီးနှင့် ဆောင်ရွက်နေဆဲ စီမံကိန်းများကို ရှင်းလင်းတင်ပြပြီး မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က ရန်ကုန်မြို့ ဘက်စုံဖွံ့ဖြိုးရေးအတွက် အကြံပြုချက်များ တင်ပြခဲ့ပါသည်။ တက်ရောက်လာသော ဧည့်သည်များကလည်း သိလိုသည်များကို မေးမြန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။