“မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပိုမိုပါဝင်နိုင်ရေး” ဆွေးနွေးပွဲတက်ရောက်

ပါတီလှုပ်ရှားမှုများ

UN Women Myanmar က စီစဉ်ကျင်းပသော “မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပိုမိုပါဝင်နိုင်ရေး” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲကို ၃၁-၁၀-၁၆ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ Inya Lake ဟိုတယ်တွင် ပြုလုပ်ခဲ့ ပါသည်။ ၎င်းဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများ၊ လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးနှင့် ဗဟိုစည်းရုံးရေးကော်မတီဝင် ဒေါ်တင်တင်ချိုတို့လည်း တက်ရောက်ခဲ့ကြပါသည်။ ဒေါ်နှင်းနှင်းမွှေးက ဆွေးနွေးရာတွင် ပြည်တွင်းစစ်ဖြစ်ပွားနေသော တိုင်းရင်းသားဒေသများမှ အမျိုးသမီးများ၏ ဘဝ၊ အသက်၊အိုးအိမ် ပျက်စီးဆုံးရှုံးနေရသည့် အခြေအနေများကို တင်ပြခဲ့ပြီး ၎င်းတို့အတွက် တရားမျှတမှုရရှိစေရန် အစိုးရနှင့်လွှတ်တော်တို့က မည်သို့မည်ပုံ ဆောင်ရွက်ထားရှိသည်ကို ဆွေးနွေးမေးမြန်းခဲ့ပါသည်။