မန္တလေးတွင် ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲ ပြုလုပ်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉၊ အောက်တိုဘာ ၂၁ – ၂၂ ။ မန္တလေး။

ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲကို အောက်တိုဘာ ၂၁ – ၂၂ ရက်နေ့တို့တွင် မန္တလေးမြို့၌ ပြုလုပ်ခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ဖက်ဒရယ်သင်တန်းအဖွဲ့တို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်သည်။ ဆွေးနွေးပွဲသို့ မန္တလေး၊ တံတားဦး၊ စစ်ကိုင်း၊ ကျောက်ဆည်၊ စဥ့်ကိုင်၊ ပုသိမ်ကြီး အစရှိသည့်မြို့နယ်များမှ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ အလုပ်သမားသမဂ္ဂခေါင်းဆောင်များ၊ ဗကသများ၊ DPNS ပါတီဝင်များ၊ တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြပါသည်။ ပထမနေ့တွင် ပြည်သူလူထုအတွင်း ဖက်ဒရယ်အသိအမြင်များ ပြန့်ပွါးစေရန် ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း DPNS မန္တလေးတိုင်းကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်စိုးက ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် FTT ဆရာများက ဖက်ဒရယ်စနစ်၏ အခြေခံများ၊ ဖက်ဒရယ်စနစ်နှင့် အခြေခံဥပဒေ၊ မတူကွဲပြားမှုများကို စီမံခန့်ခွဲခြင်း၊ လူနည်းစုအခွင့်အရေးများကို ကာကွယ်ခြင်း ခေါင်းစဉ်များဖြင့်လည်းကောင်း၊ ဒုတိယနေ့တွင် ဖက်ဒရယ်စနစ်၏ အခြေခံများ၊ ဖက်ဒရယ်စနစ်တွင် လုပ်ပိုင်ခွင့်အာဏာများ ခွဲဝေခြင်း၊ ဒေသန္တရအစိုးရများ၊ ဘဏ္ဍာငွေကြေးဆိုင်ရာ စီမံခန့်ခွဲခြင်း ခေါင်းစဉ်များဖြင့် ဆွေးနွေးပေးခဲ့ကြပါသည်။

[ngg src=”galleries” ids=”707″ display=”basic_thumbnail”]