ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကွယ်လွန်ခြင်း ၄ နှစ်ပြည့်နှင့် စာအုပ်ထုတ်ဝေခြင်းအခမ်းအနားသို့ တက်ရောက်ဂုဏ်ပြု

ပါတီလှုပ်ရှားမှုများ

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကွယ်လွန်ခြင်း ၄ နှစ်ပြည့်အမှတ်တရနှင့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိပါင်းချုပ် “ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့” စာအုပ်ထုတ်ဝေခြင်းအခမ်းအနားကို ၉- ၁၀- ၁၆ ရက် နေ့လည် ၁းဝ၀ နာရီက တောင်ဥက္ကလာပ စိတ်တိုင်းကျစားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပေးပို့သော ဗိုလ်မှူးချုပ်ကျော်ဇောမိသားစု၏ သဝဏ်လွှာကို ကိုယဉ်ထွန်း(ယဉ်မျိုးစာပေကလည်းကောင်း)၊ ဆရာဦးအံ့မောင်ပေးပို့သောသဝဏ်လွှာကို ဦးလှရွှေကလည်းကောင်း ဖတ်ကြားခဲ့ကြပါသည်။ ထို့နောက် ဦးတင်ဦး(နာယက-အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးလေးမြင့်(စာရေးဆရာလှကွန့်)၊ ဦးတင်အောင်(ကျွန်းပြန်)၊ ဦးငွေလင်း(အထွေထွေအတွင်းရေးမှူး-လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)၊ ဦးမောင်မောင်အေး(၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု)၊ ကိုကျော်ကိုကို(ဥက္ကဋ္ဌ-ဗကသများအဖွဲ့ချုပ်)တို့က ဂုဏ်ပြုအမှတ်တရစကားများ ပြောကြားခဲ့ကြပါသည်။ ပါတီအတွင်းရေးမှူး ဦးငွေလင်းက အမှတ်တရစကား ပြောကြားရာတွင် ဗိုလ်မှူးချုပ်ကျော်ဇော၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ချက်များနှင့် ဗိုလ်မှူးချုပ်ကျော်ဇောကဲ့သို့ ပြည်သူကို မျက်နှာမူသော၊ ပြည်သူ့အကျိုးစီးပွါးဘက်မှ ရပ်ခံဆောင်ရွက်သော စစ်ဗိုလ်ချုပ်များ ပေါ်ပေါက်လာမှသာ လက်ရှိဖြစ်ပွါးနေသော စစ်ပွဲများ ရပ်ဆိုင်းနိုင်ပြီး ငြိမ်းချမ်းသော ၊ ဒီမိုကရေစီထွန်းကားသော ၊တန်းတူညီမျှသော ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ထွန်းပေါ်ပေါက်လာနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ ဗိုလ်မှူးချုပ်ကျော်ဇောအတွက် ဆရာဝင်းတင့်ထွန်း ဂုဏ်ပြုရေးဖွဲ့ထားသောကဗျာကို ဆရာမနှင်းပန်းအိမ်က ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။