“ဗဟိုချုပ်ကိုင်မှု လျှော့ချရုံလောက်နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပြီလား” ဆွေးနွေးပွဲသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ FPPS မှ စီစဉ်သော “ဗဟိုချုပ်ကိုင်မှု လျှော့ချရုံလောက်နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပြီလား” ဟောပြောဆွေးနွေးပွဲကို ၂၄- ၉- ၁၆ ရက် နေ့လည် ၂းဝ၀ နာရီမှ ၅းဝ၀ နာရီအထိ ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဒေါက်တာကျော်ဝင်း(ပါမောက္ခ၊ဌာနမှူး၊ ရန်ကုန်တက္ကသိုလ် သမိုင်းဌာန-အငြိမ်းစား)၊ ဦးခွန်မြင့်ထွန်း(ဥက္ကဋ္ဌ- ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့)၊ ဒေါက်တာရန်မျိုးသိန်း(မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ)တို့က ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ အယူအဆများ၊ ကမ္ဘာ့နိုင်ငံများတွင် ကျင့်သုံးလျှက်ရှိသည့် ဖက်ဒရယ်စနစ်ပုံစံများ၊ မြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ် တည်ဆောက်နိုင်ရေးအတွက် မဖြစ်မနေ လုပ်ဆောင်ရမည့်၊ လုပ်ဆောင်သင့်သည့် အချက်များ၊ ရှိသင့်ရှိထိုက်သော အခြေခံသဘောတရားများကို ဟောပြောတင်ပြခဲ့ပြီး တက်ရောက်လာသူများ၏ မေးခွန်းများကို ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်း နှင့် အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးတို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။