“ဖက်ဒရယ်၏အခြေခံသဘောတရားများ”ဆွေးနွေးပွဲကို ရေကြည်မြို့နယ်တွင် ပြုလုပ်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉၊ မတ်လ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် “ဖက်ဒရယ်၏အခြေခံသဘောတရားများ” ဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ် ပါတီရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် FTT ဆရာများက ဖက်ဒရယ်သဘောတရား၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဖက်ဒရယ်စနစ်တွင် မတူကွဲပြားမှုကို စီမံခန့်ခွဲခြင်း ခေါင်းစဉ်များဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ အသုတ်၊ ငသိုင်းချောင်း၊ ရေကြည်မြို့နယ် ပါတီခေါင်းဆောင်များနှင့် ပါတီဝင်များ ၇၀ ကျော် တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲအပြီး ညနေပိုင်းတွင် ပါတီဥက္ကဋ္ဌ၊ ပါတီတွဲဖက်အထွေထွေ အတွင်းရေးမှူး(၂) တို့ ဦးဆောင်၍ မြို့နယ်ပါတီခေါင်းဆောင်များ၊ ပါတီဝင်များနှင့် ပါတီ၏မူဝါဒ၊ ရပ်တည်ချက်၊ လက်ရှိနိုင်ငံရေးအခြေအနေတို့ကို ဆွေးနွေးခဲ့ကြပါသည်။

[ngg src=”galleries” ids=”553″ display=”basic_thumbnail”]