ပွင့်ဖြူတွင် ကျင်းပသည့် ၇၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၁၉၊ ၇၊ ၂၀၁၉။ ပွင့်ဖြူ။

၇၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရှောက်တော၌ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပွင့်ဖြူမြို့နယ်ကော်မတီက ဦးဆောင်ကျင်းပခဲ့ပါသည်။ အာဇာနည်နေ့အခမ်းအနားကို ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံနောက်ပိုင်းမှ စတင်၍ ပွင့်ဖြူ DPNS ရဲဘော်များက အခက်အခဲ အတားအဆီးမျိုးစုံကြားမှ နှစ်စဉ်နှစ်တိုင်း မပျက်မကွက် ကျင်းပခဲ့ကြခြင်းဖြစ်သည်။

[ngg src=”galleries” ids=”636″ display=”basic_thumbnail”]