ပါတီဥက္ကဋ္ဌနှင့် ပြည်ခရိုင်စည်းရုံးရေးကော်မတီတို့ တွေ့ဆုံဆွေးနွေး

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ပြည်ခရိုင်စည်းရုံးရေးကော်မတီတို့၏ အစည်းအဝေးကို ၇-၇-၂၀၁၆ ရက်နေ့ က ရွှေတောင်မြို့နယ် စည်းရုံးရေးကော်မတီရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ ရွှေတောင်မြို့နယ်စည်းရုံးရေးကော်မတီရုံးခန်းဖွင့်ပွဲ နှစ်ပတ်လည် နေ့အခမ်းအနားအပြီးမှာ ပြုလုပ်ကြခြင်း ဖြစ်ပါသည်။ အစည်းအဝေးတွင် ပြည်ခရိုင်ရဲဘော်များက လက်ရှိကြုံတွေ့နေရသည့် အခြေအနေ များ၊ အခက်အခဲများကို တင်ပြခဲ့ကြပြီး ဦးအောင်မိုးဇော်က မဟာမိတ်အဖွဲ့အစည်းများနှင့် ဆက်ဆံရေး၊ ပါတီတည်ဆောက်ရေး၊ စည်းရုံး ရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေးတို့နှင့် ပတ်သက်ပြီး အကြံပြုဆွေးနွေးခဲ့ပါသည်။