ပါတီစည်းရုံးရေးမှူးသင်တန်း(၂/၂၀၁၉) သင်တန်းဆင်းပွဲ

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉၊ ဒီဇင်ဘာ ၂၄။ ပါတီဌာနချုပ်ရုံး၊ ရန်ကုန်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စည်းရုံးရေးမှူးသင်တန်း (၂/၂၀၁၉) သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၂၄ ရက် နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ သင်တန်းဆင်းပွဲတွင် ပါတီတာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်များ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အဖွင့်စကားပြောကြားရာ၌ မိမိတို့အနေဖြင့် ဤသင်တန်းကို အခက်အခဲများကြားမှ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ပါတီစည်းရုံးရေးမှူးများအနေဖြင့် မိမိတို့ဒေသအသီးသီးသို့ ပြန်လည်ရောက်ရှိချိန်တွင် လူထုကြားသို့သွားရောက်၍ လူထုနှင့်အတူ ပါတီတည်ဆောက်ရေးကို ဆောင်ရွက်ကြဖို့လိုကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ တက်ရောက်လာသောဧည့်သည်များကလည်း ဂုဏ်ပြုအမှတ်တရစကားပြောကြားရာတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ပါတီရဲဘော်များအား လေးစားတန်ဖိုးထားကြောင်း၊ နိုင်ငံအနာဂတ်တွင် လူထုအကျိုးပြုပါတီတရပ်အဖြစ် မားမားမတ်မတ်ရပ်တည်နိုင်မည်ဟု ယုံကြည်ကြောင်း ထည့်သွင်းပြောကြားခဲ့ကြပါသည်။
ပါတီစည်းရုံးရေးမှူးသင်တန်း ၂/၂၀၁၉ တွင် ချောင်းသာ၊ အင်္ဂပူ၊ ရေကြည်၊ မန္တလေး၊ မင်းဘူး၊ ပွင့်ဖြူမြို့နယ်တို့မှ ပါတီရဲဘော်များ သင်တန်းတက်ရောက်ခဲ့ကြပါသည်။
၂၀၁၉၊ ဒီဇင်ဘာ ၂၄။ ပါတီဌာနချုပ်ရုံး၊ ရန်ကုန်။


[ngg src=”galleries” ids=”752″ display=”basic_thumbnail” thumbnail_width=”160″ thumbnail_crop=”0″]