ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) ကိုယ်စားပြုကော်မတီ အစည်းအဝေး ဒုတိယနေ့

ပါတီလှုပ်ရှားမှုများ

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) ကိုယ်စားပြုကော်မတီ အစည်းအဝေး ဒုတိယနေ့ကို ၁၁-၁၂-၁၆ ရက်နေ့က ရန်ကုန်မြို့၊ ကရင်ခြံ၌ ဆက်လက်ပြုလုပ်ခဲ့ပါသည်။ NNER နာယကအဖွဲ့ဝင်တဦးဖြစ်သည့် ဒေါက်တာအောင်မြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် NNER ၏ နှုန်းစံတန်ဖိုးများအား ပြည်သူလူထုကြားတွင် ပိုမိုသိမြင်လက်ခံလာစေရန် ကြိုးစားဆောင်ရွက်သင့်ကြောင်း၊ တချိန်တည်းမှာပင် မိမိတို့ကိုယ်တိုင်၏ အရည်အသွေးမြှင့်တင်ရေးကိုလည်း လုပ်ဆောင်ဖို့လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့နောက် ကော်မတီဝင်များက NNER ၏ ပညာရေးမူဝါဒများအနက် ပြောင်းလဲပြင်ဆင်သင့်သည့် အချက်များကို အသေးစိတ် ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးရရှိချက်များအား လာမည့်ညီလာခံတွင် တင်ပြဆွေးနွေးပြီး အတည်ပြုချက် ရယူသွားမည်ဖြစ်ပါသည်။ ၎င်းအစည်းအဝေးသို့ NNER ကိုယ်စားပြုကော်မတီဝင်တဦးဖြစ်သည့် ဒေါ်နှင်းနှင်းမွှေး (DPNS အတွင်းရေးမှူး-၂)လည်း တက်ရောက်ဆွေးနွေးခဲ့ပါသည်။