ကရင်ပညာရေးဌာန(KED)၏ ကရင်ပြည်နယ်ပညာရေးအတွက် ဆောင်ရွက်ထားရှိမှုများအား ရှင်လင်းတင်ပြသည့် အခမ်းအနား

ပါတီလှုပ်ရှားမှုများ

ကရင်ပညာရေးဌာန Karen Education Department(KED) နှင့် World Education တို့ ပူးပေါင်း၍ ကရင်ပြည်နယ်ပညာရေးအတွက် ဆောင်ရွက်နေမှုများ၊ လေ့လာတွေ့ရှိချက်များ၊ အစိုးရသို့ အကြံပြုချက်များ (School Committees and Community Engagement in Education in Karen State) အား ရှင်လင်းတင်ပြသည့် အခမ်းအနားကို ၂၆- ၉- ၁၆ ရက်နေ့ နံနက်ပိုင်းက Summit Parkview Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ကရင်ပြည်အတွင်းရှိ ကျောင်းနေရွယ်ကလေးများ ပညာသင်ကြားနိုင်ရေးအတွက် ဆောင်ရွက်ရာတွင် တွေ့ရှိရသည့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ ဆင်းရဲနွမ်းပါးမှု၊ ဆရာဆရာမများ အရည်အသွေးမြှင့်တင်ရေး၊ မိခင်ဘာသာစကားဖြင့် သင်ကြားနိုင်ရေး၊ အစိုးရကျောင်းများတွင် ဆက်လက်ပညာသင်ကြားနိုင်ရေး၊ ကျောင်းအခြေပြု စီမံခန့်ခွဲပိုင်ခွင့် အစရှိသည့် အခြေအနေများကို တင်ပြခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြပါသည်။ ၎င်းအခမ်းအနားသို့ ပြည်တွင်းနှင့် နိုင်ငံတကာ ပညာရေးအဖွဲ့အစည်းများ၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)လုပ်ငန်းအဖွဲ့မှ ဒေါက်တာသိန်းလွင်၊ ဒေါ်သူသူမာ၊ ဒေါ်နှင်းနှင်းမွှေး၊ ဦးစိုးထွန်း၊ ကိုဘုန်းပြည့်ကြွယ်တို့ တက်ရောက်ခဲ့ကြပါသည်။