“(၅၅)နှစ်မြောက် ၇-ဇူလိုင် အောက်မေ့ဘွယ် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် DPNS ဗဟိုစည်းရုံးရေး​ကော်မတီ၏ သဝဏ်လွှာ”

” (၅၅)နှစ်မြောက် ၇-ဇူလိုင် အောက်မေ့ဘွယ် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေး​ကော်မတီ၏ သဝဏ်လွှာ (၇၊ ၇၊၂၀၁၇) “

Continue Reading

သခင်ဗဟိန်း နှစ်တစ်ရာပြည့်အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဂုဏ်ပြုသဝဏ်လွှာ

သခင်ဗဟိန်း နှစ်တစ်ရာပြည့်အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဂုဏ်ပြုသဝဏ်လွှာ

Continue Reading

ဇွန် ၆ အလုပ်သမားသပိတ် (၄၃) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားသို့ DPNS မှပေးပို့သောသဝဏ်လွှာ

ဇွန် ၆ အလုပ်သမားသပိတ် (၄၃) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက သဝဏ်လွှာပေးပို့ ဂုဏ်ပြုခဲ့ပါသည်။

Continue Reading

၁၂၇ နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သောသဝဏ်လွှာ

အလုပ်သမားထုအတွက် ထိုက်တန်သည့် ဂုဏ်သိက္ခာနှင့် အခွင့်အရေး ရရှိရန် တိုက်ပွဲဝင်ခဲ့ကြသည့် ကမ္ဘာ့အလုပ်သမားတိုက်ပွဲနေ့ မေဒေး (၁၂ရ)
နှစ်မြောက် အခမ်းအနားတွင် အလုပ်သမား သူရဲကေင်းအပေါင်းအား မိမိတို့ ပါတီက အလေးအမြတ် ဦးညွတ်လျှက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါသည်။

Continue Reading

ကယန်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့်သဝဏ်လွှာ

” (၁၇) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ပေးပို့သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဂုဏ်ပြု သဝဏ်လွှာ

Continue Reading

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၄၁)နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အခမ်းအနားများသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဂုဏ်ပြုပေးပို့သော သဝဏ်လွှာ

၂၀၁၇၊ မတ်လ ၂၃ ရက်နေ့တွင် ကျရောက်မည့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၄၁)နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အခမ်းအနားများသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဂုဏ်ပြုပေးပို့သော သဝဏ်လွှာ

Continue Reading

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၅၂) နှစ်မြောက်နှင့် ဂူဗိမာန် နှစ် (၅၀) ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဆုံးပါး ကွယ်လွန်ခဲ့သည်မှာ ၅၂ နှစ် တိုင်ခဲ့ပြီဖြစ်သည်။ သို့သော် ဆရာကြီး မဆုံး ပါးခင် တမ်းတမ်းတတ မြင်တွေ့သွားလိုသော စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေးမှာ ယခုထက်ထိမရရှိနိုင်ဖြစ်နေရပါသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဆိုသည်မှာ တမျိုးသားလုံးနှင့် ဆိုင်သည့်ကိစ္စ ဖြစ်သည်။ ထို့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လည်း တမျိုးသားလုံးက ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်သည်။ တနည်းအားဖြင့်ဆိုလျင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် လူမျိုးစုံပြည်သူလူထုပိုင်လုပ်ငန်းများဖြစ်ပြီး တမျိုးသားလုံးလက္ခဏာ၊ လူထု လက္ခဏာဆောင်ဖို့ လိုအပ်သည်ဟု ယူဆပါသည်။
ထို့အတွက် ဤလုပ်ငန်းစဉ်ကြီးအတွင်းတွင် ပါဝင်သင့် ပါဝင်ထိုက်သူအားလုံးကို မည်သည့်အကြောင်းနှင့်မျှ ချန် လှပ်ထားခြင်း၊ ကန့်သတ်ထားခြင်း လုံးဝ မရှိပဲ လွတ်လပ်စွာ၊ တန်းတူစွာ ပါဝင်ဆွေးနွေးအဖြေရှာခွင့် ပြုကြရန် လိုအပ်ပါ သည်။ ထိုသို့ အင်အားစုအားလုံးပါဝင်ကျင်းပပြုလုပ်ကြမည့် ငြိမ်းချမ်းရေးညီလာခံကြီးတွင်လည်း ဆရာကြီးသခင်ကိုယ် တော်မှိုင်း၏ သူမနာကိုယ်မနာတွေ့ဆုံဆွေးနွေးရေးမူကို အပြည့်အ၀ ကိုင်စွဲကာ ပြည်သူတရပ်လုံးနှင့် တိုင်းပြည်၏ အကျိုး စီးပွားအပေါ် တည့်မတ်ဖြောင့်မှန်စွာ မျက်နှာမူလျက် ဆွေးနွေးအဖြေရှာကြရမည် ဖြစ်သည်ဟု အလေးအနက် ယုံကြည်ပါ သည်။
ထိုသို့ ဆောင်ရွက်ကြမှသာ ဆရာကြီးမျှော်မှန်းခဲ့သည့် စစ်မှန်သည့်ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာဖြစ်ပြီး အမျိုးသားတန်းတူခွင့်နှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀အာမခံနိုင်သည့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်သွားနိုင်မည် ဖြစ်သည့်အတွက် တာဝန်ရှိသူအားလုံးက အချို့အယွင်းမရှိ ဆောင်ရွက်သွားကြပါရန် အကြံပြု တိုက်တွန်းလျက် ဤသ၀ဏ်လွှာကို ပေးပို့အပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဋ္ဌာနချုပ်)
၂၀၁၆ခုနှစ် ဇူလိုင်လ (၂၃) ရက်။

Continue Reading

(၅၄) နှစ်ပြည့် ၇ ရက် ဇူလိုင် အောက်မေ့ဘွယ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

၁။ ၁၉၆၂ ခုနှစ်၊ ဇူလိုင် (၇)ရက် အရေးတော်ပုံသည် ယနေ့ (၅၄)နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

၂။ လွန်ခဲ့သော (၅၄) နှစ်က ဤနေ့တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားထုသည် အာဏာသိမ်းစစ်အုပ်စု၏ ရက်စက် ကောက်ကျစ်မှုကို သွေးမြေကျခံလျက် ဖော်ထုတ်ဖွင့်ချပြခဲ့ကြသည်။

၃။ ဤအရေးတော်ပုံသည် မြန်မာပြည်သူတို့၏ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသား သွေးစည်း ချစ်ကြည်ရေး၊ လွတ်လပ်၍တန်းတူသော ဖက်ဒရယ်ပြည်ထောင်စုကြီး ထူထောင်ရေး ဟူသော တိုက်ပွဲသမိုင်း အခန်းဆက်ကို ကနဦး ဖွင့်လှစ်ပေးခဲ့သည့် ဂုဏ်ရောင်ပြောင်သော မော်ကွန်းကမ္ဗည်း တစ်ရပ်လည်း ဖြစ်ပေသည်။

၎။ ၇ ရက် ဇူလိုင် အရေးတော်ပုံအတွင်း ဖမ်းဆီး ရိုက်နှက်ခံ၊ သွေးမြေကျခံ၊ အသက်များ ဆုံးရှုံးခံလျက် မိမိတို့ အမျိုးသား တိုင်းပြည်အတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့သူ အာဇာနည် ကျောင်းသားရဲဘော်အပေါင်းအား မိမိတို့ပါတီက လေးမြတ်စွာ
ဦးညွှတ် ဂုဏ်ပြုအပ်ပါသည်။

၅။ မိမိတို့ ပါတီအနေဖြင့် ငြိမ်းချမ်း ညီညွတ် လွတ်လပ် တန်းတူသည့် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကြီး ထူထောင်နိုင်ရေး အတွက် ကျရာတာဝန်တို့ကို ၇ ရက် ဇူလိုင် စိတ်ဓာတ်နှင့် အစဉ်အလာများအား ဆက်ခံ၊ကိုင်စွဲ၍ ကျောင်းသားထုနှင့်အတူ၊ လူမျိုးစုံ မြန်မာပြည်သူလူထုကြီးနှင့်အတူ အားထုတ်၊ကြိုးပမ်းသွားကြမည်ဟု လေးနက်
တည်ကြည်စွာ အဓိဋ္ဌာန် ပြုအပ်ပါသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၆ ခုနှစ်၊ ဇူလိုင်လ၊ ၇ ရက်။

Continue Reading