သတင်းအချက်အလက် ရပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

(၂၀၁၉၊ ဇူလိုင်၊ ၆) Pen Myanmar နှင့် ပြည်ကြီးခင်တို့ ပူးပေါင်းကျင်းပသည့် သတင်းအချက်အလက် ရပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉၊ ဇူလိုင် ၆ ရက်နေ့လည် ၁းဝ၀ နာရီမှ ညနေ ၅းဝ၀ နာရီအထိ ရန်ကုန်မြို့ တော်ဝင်ဂါးဒင်းဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် သတင်းအချက်အလက်ရပိုင်ခွင့်ဥပဒေ(မူကြမ်း)ပါ ပြဌာန်းချက်များ၊ နိုင်ငံတကာတွင် ကျင့်သုံးနေသည့် သတင်းရယူခွင့်အခြေအနေများကို နှိုင်းယှဉ်ဆွေးနွေးခဲ့ကြပါသည်။ ဥပဒေမူကြမ်းတွင်ပါရှိသည့် နိုင်ငံသားများအနေဖြင့် သိသင့်သိထိုက်သည့် သတင်းအချက်အလက်များကို တောင်းခံရယူနိုင်ခွင့်၊ ကော်မရှင်ဖွဲ့စည်းခြင်း၊ ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ အရေးယူ အပြစ်ပေးခြင်း စသည့်ပုဒ်မများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် တာဝန်ရှိသူများက ထုတ်ပြန်ပေးသည့် သတင်းအချက်အလက်များ မှားယွင်းမှုအပေါ် မည်သို့ တာဝန်ခံသင့်သလဲ အစရှိသည်တို့ကိုလည်း စိတ်ပါဝင်စားစွာ ဆွေးနွေးခဲ့ကြပါသည်။ ဤဥပဒေမူကြမ်းကို ယခင်အစိုးရလက်ထက်ကတည်းက […]

Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စည်းရုံးရေးမှူးသင်တန်း(၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားပြုလုပ်

၂၀၁၉၊ ဇွန်၊ ၃၀။ ရန်ကုန်မြို့။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စည်းရုံးရေးမှူးသင်တန်း (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉၊ ဇွန်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ ကိုကိုကျွန်းပြန်နိုင်ငံရေးရဲဘော်များ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့၊ မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂ၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ မြန်မာနိုင်ငံကျောင်းသားလူငယ်များ ကွန်ဂရက် အစရှိသည့် မိတ်ဖက်နိုင်ငံရေးအင်အားစုများမှ ခေါင်းဆောင်များ၊ သင်တန်းသားရဲဘော်များ၊ ပါတီဗဟိုကော်မတီဝင်များ၊ လူ့ဘောင်သစ်လူငယ်များ တက်ရောက်ခဲ့ကြပါသည်။ ဖွင့်ပွဲတွင် ပါတီဒုတိယဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပါတီအထွေထွေအတွင်းရေးမှူး ဦးသီဟထွဋ်ခင်က သင်တန်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် မိတ်ဆွေနိုင်ငံရေးအင်အားစုများမှ ခေါင်းဆောင်များက ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပြီး ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ […]

Continue Reading

ရခိုင်ပြည်နယ်အရေးကို သမ္မတကိုင်တွယ်ဖြေရှင်းပေးရန် နိုင်ငံရေးအင်အားစုများတောင်းဆို

****ရပ်တည်ရှင်သန်ရေး အခက်အခဲများစွာကြုံနေသည့် စစ်ဘေးရှောင်များကို ပစ်မထားရန်တိုက်တွန်း ရခိုင်ပြည်နယ်အရေးကို နိုင်ငံတော်သမ္မတကိုယ်တိုင် တိုက်ရိုက်ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးရန် အလေးအနက်အကြံပြု တိုက်တွန်းကြောင်း နိုင်ငံရေးပါတီများအပါအဝင် နိုင်ငံရေးအင်အားစုများက သမ္မတထံပေးပို့သည့် အိတ်ဖွင့်ပေးစာတွင် ဖော်ပြသည်။ နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့ အစည်းကိုးခုမှ ၁၄ ဦးပါ အဖွဲ့ သည် ဇွန်လ ၁၇ ရက်မှ ၂၁ ရက်ထိ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ရာ ခရီးစဉ်အတွင်း တွေ့ရှိချက်များကို ဇွန်လ ၂၇ ရက်စွဲဖြင့် သမ္မတထံသို့ ပေးပို့သည့် အိတ်ဖွင့်ပေးစာတွင် အသေးစိတ်ဖော်ပြသည်။ ‘‘ဒီကိစ္စ ပြည်ထောင်စုအဆင့်ဖြစ်တယ်။ သမ္မတအဆင့်ကိုင်မှရမယ်။ ကာချုပ်ကိုယ်တိုင် ညှိညှိ နှိုင်းနှိုင်းဆောင်ရွက်မှ ရမယ်ဆိုတာမျိုး ကျွန်တော်တို့ တွေးမိတာပေါ့။ အဲဒီအတွက် ကျွန်တော်တို့ တင်ပြတာပါ’’ ရခိုင်ပြည်နယ်လေ့လာရေးအဖွဲ့ စေ့စပ်ညှိနှိုင်းရေးမှူး ဦးငွေလင်းက ပြောသည်။ ရခိုင်ဒေသ၌ […]

Continue Reading

ပြောဆိုဆွေးနွေးခြင်းနှင့် ပဋိပက္ခဖြေရှင်းခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

၂၀၁၉၊ ဇွန်လ၊ ၂၄-၂၇။ ရန်ကုန် DIPD က စီစဉ်ကျင်းပသည့် ပြောဆိုဆွေးနွေးခြင်းနှင့် ပဋိပက္ခဖြေရှင်းခြင်းဆိုင်ရာ ပါတီစုံအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉၊ ဇွန်လ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရန်ကုန်မြို့၊ Wyndham ဟိုတယ်၌ ပြုလုပ်ခဲ့ရာ နိုင်ငံရေးပါတီပေါင်း ၂၀ ကျော် တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်နှစ်ဦးက ပါတီတွင်း သို့မဟုတ် ပါတီအချင်းချင်းကြား ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန်သော ရလဒ်များ ထွက်ပေါ်လာရေး၊ ပိုမိုကောင်းမွန်ငြိမ်းချမ်းသော လူ့အဖွဲ့အစည်း တည်ဆောက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးပေးခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဦးတိုးတိုးထွန်း တက်ရောက် ဆွေးနွေးခဲ့ပါသည်။

Continue Reading

ပါတီတွင်းအမျိုးသမီးများ၏ ခေါင်းဆောင်မှုအရည်အသွေးမြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

၂၀၁၉၊ ဇွန်လ၊ ၂၅-၂၇။ ရန်ကုန် DIPD က စီစဉ်ကျင်းပသည့် ပါတီတွင်းအမျိုးသမီးများ၏ ခေါင်းဆောင်မှုအရည်အသွေး မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉၊ ဇွန်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရန်ကုန်မြို့၊ Wyndham ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဒိန်းမတ်ဆိုရှယ်ဒီမိုကရက်တစ်ပါတီမှ ပညာရှင်နှစ်ဦးက ခေါင်းဆောင်မှုဆိုင်ရာ အရည်အသွေးများ၊ ပါတီတွင်း ကောင်းမွန်သော ဆက်ဆံမှု တည်ဆောက်ရေး၊ မီဒီယာများနှင့် ထိတွေ့ဆက်ဆံခြင်းနှင့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများကို ဖြေရှင်းခြင်းအစရှိသည့် ခေါင်းစဉ်များဖြင့် ရှင်းလင်းဆွေးနွေးပေးခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင် ဒေါ်မေဖြူဆွေ နှင့် ရုံးအဖွဲ့မှူး မရွှေရည်လင်းထင်တို့ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ရခိုင်ပြည်နယ်လေ့လာရေးခရီးစဉ် သတင်းစာရှင်းလင်းပွဲ

၂၀၁၉၊ ဇွန်၊ ၂၇။ ရန်ကုန်မြို့။ “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ဆွေးနွေးပွဲများ၏ နောက်ဆက်တွဲလှုပ်ရှားမှုအဖြစ် အဖွဲ့ဝင် ၁၄ ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၁၇၊ ၆၊ ၂၀၁၉ ရက်နေ့မှ ၂၁၊ ၆၊ ၂၀၁၉ ရက်နေ့အထိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်များသို့ ရခိုင်ပြည်နယ် လေ့လာရေးခရီးစဉ် သွားရောက်ခဲ့ကြပါသည်။ ခရီးစဉ်အတွင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ဒေသထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ စစ်ဘေးဒုက္ခသည်များနှင့် တွေ့ဆုံပြီး ဒေသတွင်းရှိ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုသမိုင်းအမွေအနှစ်ဆိုင်ရာ ကိစ္စရပ်များကို အမြင်သဘောထားဖလှယ်မှုများ၊ ဆွေးနွေးမေးမြန်းလေ့လာမှုများ ပြုလုပ်ခဲ့ပါသည်။ခရီးစဉ်မှ ပြန်လည်ရောက်ရှိပြီးနောက် ဇွန်လ ၂၇ ရက် နေ့လည် ၂းဝ၀ နာရီတွင် ရန်ကုန်မြို့၊ […]

Continue Reading

DPNS တွဲဖက်အထွေထွေအတွင်းရေးမှူး(၂)က SYCB လူငယ်လေ့ကျင့်ရေးစင်တာတွင် သွားရောက်ဆွေးနွေး

မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် SYCB ၏ ဖိတ်ကြားချက်အရ DPNS တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းသည် SYCB လူငယ်လေ့ကျင့်ရေးစင်တာသို့ သွားရောက်၍ ၂၂၊ ၆၊ ၂၀၁၉ နေ့တွင် “လက်ရှိနိင်ငံရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ၂၃၊ ၆၊ ၂၀၁၉ တွင် “ရွေးကောက်ပွဲဆိုင်ရာနှင့် ၂၀၂၀ အလားအလာ” ခေါင်းစဉ်ဖြင့်လည်းကောင်း သွားရောက်ဆွေးနွေးခဲ့ပါသည်။

Continue Reading

ရန်ကုန်တိုင်းဒေသကြီး၏ မြေအသုံးချမှုဆိုင်ရာ ဆွေးနွေးအမြင်ဖလှယ်ပွဲ တက်ရောက်

၂၂၊ ၆၊ ၂၀၁၉။ House of Orchid၊ ရန်ကုန်။ ရန်ကုန်တိုင်းဒေသကြီး မြေအသုံးချမှုကော်မတီ တောင်သူလယ်သမားအစုအဖွဲ့က စီစဉ်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး၏ မြေအသုံးချမှုဆိုင်ရာ ဆွေးနွေးအမြင်ဖလှယ်ပွဲကို ရန်ကုန်မြို့၊ House of Orchid တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ဆွေးနွေးပွဲတွင် ဆရာဦးမြင့်သွင်က မြေယာမူဝါဒနှင့် ဆက်စပ်မြေယာဥပဒေများကို ရှင်းလင်းတင်ပြခဲ့သည်။ ဆွေးနွေးပွဲတက်ရောက်လာသူများကလည်း ရန်ကုန်တိုင်းဒေသကြီး မြေအသုံးချမှုကော်မတီ အားကောင်းလာစေရန် လုပ်ဆောင်သင့်သည့် အချက်များနှင့် ကော်မတီအနေဖြင့် ဦးစားပေးလုပ်ဆောင်သင့်သည်များကို တင်ပြဆွေးနွေးခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တောင်သူလယ်သမားရေးရာကော်မတီမှ ဦးနိုင်လွင်ချိုနှင့် ဦးအောင်မိုးဝင်းတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ဓာတ်ပုံ – EPDP

Continue Reading

ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲကို မြင်းခြံမြို့နယ် လေးရွာဆုံကျေးရွာတွင် ပြုလုပ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ်ကော်မတီနှင့် FTT တို့ ပူးပေါင်းစီစဉ်သည့် ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲကို မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာ၌ ဇွန် ၂၀ နှင့် ၂၁ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် သင်တန်းဆရာများက ဖက်ဒရယ်စနစ်နှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း၊ ဖက်ဒရယ်စနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မတူကွဲပြားမှုများအပေါ် စီမံခန့်ခွဲခြင်းခေါင်းစဉ်များ၊ လုပ်ပိုင်ခွင့်အာဏာများခွဲဝေခြင်း၊ ဒေသန္တရအစိုးရများ၏ အရေးပါမှု၊ ဘဏ္ဍာငွေကြေးနှင့်သယံဇာတများ စီမံခန့်ခွဲခြင်း ခေါင်းစဉ်များဖြင့် ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။ DPNS မြင်းခြံနှင့် တံတားဦးရဲဘော်များ၊ YNS ရဲဘော်များ၊ ပရဟိတအသင်းအဖွဲ့များ၊ ဒေသခံ တောင်သူလယ်သမားများ၊ လယ်သမားအရေးဆောင်ရွက်သူများ စုစုပေါင်း ၁၀ဝ ကျော် ဆွေးနွေးပွဲတက်ရောက်ခဲ့ကြပါသည်။

Continue Reading

DPNS မန္တလေးတိုင်း ပါတီကော်မတီဖော်ဆောင်ရေး ဆွေးနွေး

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မန္တလေးတိုင်းပါတီကော်မတီ ဖေါ်ဆောင်ရေးနှင့် ပါတီတိုင်းရုံး ဖြစ်မြောက်ရေးအတွက် ပါတီအထွေထွေအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များသည် ဒေသတွင်းရှိ ပါတီဗဟိုကော်မတီဝင်များ၊ မြင်းခြံ တံတားဦးဒေသခံ ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံ၍ တိုင်ပင် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ (လေးရွာဆုံကျေးရွာ – ၂၀၊ ၆၊ ၂၀၁၉)

Continue Reading