Category: သတင်းဓါတ်ပုံ
နွေဦးတော်လှန်ရေး ( ၄ ) နှစ်ပြည့် အထိမ်းအမှတ် ( ဓါတ်ပုံကမ်ပိန်း )
| ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ၁ ရက် ။ DPNS/YNS ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ ဖက်ဆစ်စစ်တပ်က မတရား စစ်အာဏာသိမ်းခဲ့တာ အခု ၂၀၂၅၊ ဖေဖော်ဝါရီ ၁ ရက်နေ့ ဆိုရင် ၄ နှစ် ပြည့်ခဲ့ပါပြီ။ လူမျိုးစုံပြည်သူလူထုဟာ စစ်အာဏာသိမ်းချိန်က စလို့ ယနေ့ကာလအထိ အလုံးစုံသော အထွေထွေအကျပ်အတည်းကို ခါးစည်းရင်ဆိုင်နေကြရပါတယ်။ ဒီလို အထွေထွေ အကျပ်အတည်းတွေရဲ့ မူလ ဇာစ်မြစ်တရားခံဟာ စစ်အာဏာရှင်စနစ် ဖြစ်တယ်။ စစ် ၃ စစ် ဖြစ်တယ်။ ဒီဖက်ဆစ်စစ်တပ်က ပြည်သူလူထုအကျိုးစီးပွားကို မကြည့်ဘဲ သူတို့ အာဏာတည်မြဲရေးကိုသာ အစဉ်တစိုက် လုပ်ဆောင်ခဲ့တယ်။ ဒီလေးနှစ်တာ ကာလအတွင်းမှာ သူတို့ နေ့စဉ်နဲ့အမျှ ကျူးလွန်ခဲ့၊ ကျူးလွန်လျက်ရှိတဲ့ […]
Continue Reading
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) နှင့် လူ့ဘောင်သစ်လူငယ် (YNS) မှ “ဌာနေလူမျိုးစုများ၏ တရားမျှတမှုသည် ငါတို့အားလုံး၏တရားမျှတမှု” ဓာတ်ပုံကမ်ပိန်းတွင် ပူးပေါင်းပါဝင်
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၅ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့၊ ဒီဇင်ဘာလ (၁၀) ရက်နေ့မှ (၂၄) ရက်နေ့အထိ (၁၄) ရက်တာ လှုပ်ရှားမှုအဖြစ် လီဆူလူငယ်အစည်းအရုံး – LYC သည် “ဌာနေလူမျိုးစုများ၏ တရားမျှတမှုသည် ငါတို့အားလုံး၏ တရားမျှတမှု” ခေါင်းစဉ်ဖြင့်လူထုဟောပြောပွဲ၊ လူထုလှုံ့ဆော်မှုများနှင့် လှုပ်ရှားမှုများ လုပ်ဆောင်သွားမည် အစီအစဉ်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) နှင့် လူ့ဘောင်သစ်လူငယ် (YNS) မှ ရဲဘော်များ သွေးစည်းညီညွတ်မှုကို ပြသကာ “ဌာနေလူမျိုးစုများ၏ တရားမျှတမှုသည် ငါတို့အားလုံး၏တရားမျှတမှု” ဓာတ်ပုံကမ်ပိန်းတွင် ပူးပေါင်းပါဝင် ဌာနေလူမျိုးစုများ၏ရပိုင်ခွင့်အခွင့်အရေးများကိုလေးစားလိုက်နာပါ ဌာနေလူမျိုးစုများ၏ရပိုင်ခွင့်အခွင့်အရေးများသည်လူ့ရပိုင်ခွင့်အခွင့်အရေးများဖြစ်သည် ဌာနေလူမျိုးစုများ၏ရပိုင်ခွင့်အခွင့်အရေးများကိုဈေးဆစ်လို့မရ ဌာနေလူမျိုးစုများအတွက်တရားမျှတမှုသည်ငါတို့အားလုံးအတွက်တရားမျှတမှု ကမ္ဘာမြေကိုကာကွယ်စောင့်ရှောက်သူများကိုကာကွယ်ပါ ငါတို့မပါဝင်ဘဲ ငါတို့အတွက် ဆုံးဖြတ်ရန်မရှိ ငါတို့မြေ၊ငါတို့အသံ၊ငါတို့အနာဂတ် LYC / DPNS / […]
Continue Reading
DPNS, YNS ရဲဘော်များ ပြောက်ကျားသပိတ်တွင်ပူးပေါင်းပါဝင်
‘ပြည်သူ့လက်ရုံးနဲ့တည်ဆောက် တပ်ပေါင်းစုနဲ့ချီတက်” ဩဂုတ် ၂၉၊ ရန်ကုန်။ ရန်ကုန်မြို့လယ်ခေါင်တွင် လူအင်အား အလုံးအရင်းဖြင့် ချီတက် ဆန္ဒပြ လူ့ဘောင်သစ်လူငယ်နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရဲဘော်များပူးပေါင်းပါဝင် “လူထုလက်ရုံးနဲ့ တည်ဆောက်၊ တပ်ပေါင်းစုနဲ့ ချီတက်” ဟူသော စာသားကိုကိုင်စွဲ၍ လူထုလှုံ့ဆော်ရေးပြုလုပ်သည့် ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကို မြို့နယ်သပိတ်ကော်မတီများ၊ ကျောင်းသားသမဂ္ဂများနှင့်အတူ အထွေထွေသပိတ် ကော်မတီ General Strikes Committee တို့ပူးပေါင်းပြီး ရန်ကုန်မြို့မှာ ဒီကနေ့ မနက်ခင်းက ပြုလုပ်ခဲ့ကြပါတယ်။
Continue Reading
တိုးတက်သောဒီမိုကရက်တစ်အင်အားစု(PDF) အစည်းအဝေး ပြုလုပ်
တိုးတက်သောဒီမိုကရက်တစ်အင်အားစု(PDF) အစည်းအဝေးကို ၂၀၁၈ ဇွန်လ ၅ ရက်နေ့တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ(ကရင်နီပြည်)အား ပြန်လည်သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်များကို တိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။
Continue Reading