အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု DPNS ရပ်ကျေးရုံးဖွင့်ပွဲ

၂၀၁၉၊ အောက်တိုဘာ ၁၀။ အင်္ဂပူ။ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရပ်ကျေးရုံးဖွင့်ပွဲကို အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ ရုံးဖွင့်ပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးစောအောင်နှင့် ပါတီဗဟိုကော်မတီဝင် ဦးမောင်မောင်ကြီးတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။

Continue Reading

ချောင်းသာမြို့၊ အုပ်စု(၂) ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ

၂၀၁၉၊ အောက်တိုဘာ၊ ၈။ ချောင်းသာ။ ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာမြို့၊ အုပ်စု(၂) တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရပ်ကျေးဆိုင်းဘုတ်တင်ပွဲကို ၂၀၁၉၊ အောက်တိုဘာ၊ ၈ ရက်နေ့၌ ပြုလုပ်ခဲ့ပါသည်။ ဆိုင်းဘုတ်တင်ပွဲသို့ ချောင်းသာပါတီကော်မတီဝင်များ။ ပါတီရဲဘော်များနှင့် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးစောအောင်၊ ဗဟိုကော်မတီဝင် ဦးမောင်မောင်ကြီးတို့ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲပြုလုပ် (DVB သတင်းဖော်ပြချက်)

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနဲ့ ဖယ်ဒရယ်သင်တန်းအဖွဲ့ (FTT)တို့ ဦးဆောင်ပြီး ဖယ်ဒရယ်စနစ်အခြေခံ သဘောတရားကို မကွေးတိုင်း၊ မင်းဘူးမြို့၊ သုခမိန်ခန်းမမှာ အောက်တိုဘာလ ၅ ရက်နေ့နဲ့ ၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ် အခုဆွေးနွေးပွဲမှာ ဖက်ဒရယ်စနစ်နဲ့သက်ဆိုင်တဲ့ ကဏ္ဍအသီးသီးကို ဆွေးနွေးခဲ့ကြပြီး ဖယ်ဒရယ်နဲ့ပတ်သက်တဲ့ အခြေခံသဘောတရားတွေကို နားလည်ဖို့လိုအပ်ကာ နားလည်လာရင် ပြည်ထောင်စုဖွဲ့စည်းရေးအတွက် ပိုအားဖြစ်လာစေဖို့ ရည်ရွယ်ဆွေးနွေးတာဖြစ်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းက ပြောပါတယ်။ မေတ္တာစိတ်ရင်းစိတ်ဓာတ်နဲ့ အခြေခံပြီး ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတာ အခုဆွေးနွေးပွဲကနေ ရရှိခဲ့တယ်လို့လည်း ဆွေးနွေးပွဲတက်ရောက်သူတစ်ဦးက ဆိုပါတယ်။ အခုဆွေးနွေးပွဲကို တောင်တွင်းကြီး၊ မကွေး၊ မင်းဘူး၊ မင်းလှ၊ ပွင့်ဖြူ၊ ငဖဲ မြို့နယ်တွေက နိုင်ငံရေးစိတ်ပါဝင်စားသူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီဝင်တွေ အင်အား (၇၀)ကျော်လောက် တက်ရောက်ပြီးတော့ အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။

Continue Reading

ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲပြုလုပ်

၂၀၁၉၊ အောက်တိုဘာ ၅ – ၆ ။ မင်းဘူး။ မင်းဘူးမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ဖက်ဒရယ်သင်တန်းအဖွဲ့တို့ ပူးပေါင်းစီစဉ်သည့် ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲကို ၂၀၁၉၊ အောက်တိုဘာ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် မင်းဘူးမြို့၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဖက်ဒရယ်စနစ်၏ အခြေခံသဘောတရားများ၊ ဖက်ဒရယ်စနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လူနည်းစုများ၏ အခွင့်အရေးများ၊ မတူကွဲပြားမှုများကို စီမံခန့်ခွဲခြင်း၊ လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း၊ ဒေသန္တရအစိုးရများ၊ ဘဏ္ဍာငွေကြေးခွဲဝေသုံးစွဲခြင်းအစီအမံများ ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။ မကွေး၊ မင်းဘူး၊ ငဖဲ၊ ပွင့်ဖြူ၊ တောင်တွင်းကြီး၊ မင်းလှမြို့နယ်တို့မှ မိတ်ဖက်နိုင်ငံရေးအင်အားစုများ၊ အရပ်ဖက်အခြေပြု လူမှုအဖွဲ့အစည်းများ၊ စိတ်ပါဝင်စားသူများ၊ DPNS ပါတီရဲဘော်များ တက်ရောက်ခဲ့ကြပါသည်။ အမျိုးသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်သော ပြည်နယ်ပေါင်းစုပြည်ထောင်စုကြီး တည်ဆောက်ရေးသည် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးဦးတည်ချက် […]

Continue Reading

လူ့ဘောင်သစ်လူငယ်နှင့် DPNS ပါတီမိတ်ဆက်ဆွေးနွေးပွဲ

၂၀၁၉၊ အောက်တိုဘာ ၆။ မင်းဘူး။လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်များ၊ ပါတီမိတ်ဆွေများနှင့် ဆွေးနွေးပွဲကို ၂၀၁၉၊ အောက်တိုဘာ ၆ ရက်နေ့တွင် မင်းဘူးမြို့၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် လူငယ်မိတ်ဆက်ကို လူ့ဘောင်သစ်လူငယ်ဥက္ကဋ္ဌ မအိသဉ္ဇာမောင်၊ ပါတီတည်ဆောက်ရေးဆိုင်ရာ ရေရှည်ရည်မှန်းချက် ၅ ရပ်ကို ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေး၊ လက်ရှိနိုင်ငံရေးအခြေအနေများနှင့် ပါတီ၏ အခန်းကဏ္ဍကို ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းတို့က ရှင်းလင်းဆွေးနွေးပေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ မကွေး၊ မင်းဘူး၊ ငဖဲ၊ ပွင့်ဖြူမြို့နယ်တို့မှ ပါတီမိတ်ဆွေများ၊ DPNS ပါတီရဲဘော်များ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

ပါတီ တည်ထောင်ခြင်း ၃၁ နှစ်ပြည့် တွင် SNLD ဒုဥက္ကဋ္ဌ(၁) ဦးစိုင်းညွန့်လွင်၏ အမှတ်တရစကား

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခြင်း ၃၁ နှစ်ပြည့် အခမ်းအနားတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ(၁) ဦးစိုင်းညွန့်လွင် က အမှတ်တရစကား ပြောကြားခဲ့ပါသည်။အောက်တိုဘာ ၁၄၊ ၂၀၁၉။ ပါတီဌာနချုပ်ရုံး၊ ရန်ကုန်။

Continue Reading

ရွှေ့ပြောင်းအလုပ်သမားများအတွက် အသိပညာပေးဟောပြောပွဲ

၂၀၁၉၊ အောက်တိုဘာ၊ ၅။ မြင်းခြံ။ ၂၀၁၉၊ အောက်တိုဘာ ၅ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ ကျီးပင်ကန်ကျေးရွာ၌ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် အနာဂတ်အလင်းတန်းဆုံမှတ်အဖွဲ့တို့ ပူးပေါင်း၍ ရွှေပြောင်းအလုပ်သမားများအတွက် အသိပညာပေးဟောပြောပွဲများ ပြုလုပ်ခဲ့ပါသည်။

Continue Reading

ချောင်းသာ ရွှေသောင်ယံရုံးတွင် ဆွေးနွေးပွဲပြုလုပ်

၂၀၁၉၊ အောက်တိုဘာ ၃။ ချောင်းသာ။ ၂၀၁၉၊ အောက်တိုဘာ ၃ ရက်နေ့တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းနှင့် လူ့ဘောင်သစ်လူငယ် ဗဟိုလုပ်ငန်းကော်မတီဝင် ကိုထက်နိုင်လင်းတို့သည် ချောင်းသာ DPNS ရုံးတွင် ပါတီဝင်များနှင့် ဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပါတီမိတ်ဆက်၊ ပါတီမူဝါဒနှင့် လုပ်ငန်းစဉ်များ၊ လယ်သမား၊ အလုပ်သမား၊ လူငယ်နှင့် အမျိုသမီးလုပ်ငန်းကော်မတီတို့ ဖွဲ့စည်းဆောင်ရွက်နေမှုအခြေအနေများ၊ ဒေသဆိုင်ရာအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။ ပါတီဝင်လျှောက်လွှာများကိုလည်း လက်ခံခဲ့ကြပါသည်။ ညပိုင်းတွင် ပါတီဝင်များ၊ ဒေသခံအမျိုးသမီးများနှင့် ဆွေးနွေးပွဲဆက်လက်ပြုလုပ်ခဲ့ပါသည် ။

Continue Reading

နော်အုန်းလှ အပါအဝင် ကရင့်ခေါင်းဆောင်များ ဖမ်းဆီးတရားစွဲဆိုခံနေရခြင်းအပေါ် DPNS ၏ သဘောထား

နော်အုန်းလှ အပါအဝင် ကရင့်ခေါင်းဆောင်များ ဖမ်းဆီးတရားစွဲဆိုခံနေရခြင်းအပေါ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထား

Continue Reading