ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
By Shwe Yee, on October 15th, 2019
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ
ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊
တိုင်းရင်းသားတန်းတူအခွင့်အရေးနဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု
တည်ဆောက်ရေးဆိုတဲ့ မူဝါဒတွေကနေ ပြောင်းလဲ သွေဖီသွားခြင်း မရှိသေးဘူးလို့ ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခြင်း ၃၁ နှစ်ပြည့် အထိမ်းအမှတ်
“လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေနှင့် ကုလသမဂ္ဂ” နိုင်ငံရေးဆွေးနွေးပွဲတွင်
ဒေါက်တာရန်မျိုးသိမ်း(နိုင်ငံရေးလေ့လာသုံးသပ်သူ)၏
ဆွေးနွေးချက်(ဒုတိယပိုင်း) အောက်တိုဘာ ၁၄၊ ၂၀၁၉။ ပါတီဌာနချုပ်ရုံး၊ ရန်ကုန်
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခြင်း ၃၁ နှစ်ပြည့် အထိမ်းအမှတ်
“လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေနှင့် ကုလသမဂ္ဂ” နိုင်ငံရေးဆွေးနွေးပွဲတွင်
ဒေါက်တာရန်မျိုးသိမ်း(နိုင်ငံရေးလေ့လာသုံးသပ်သူ)၏ ဆွေးနွေးချက်(ပထမပိုင်း) အောက်တိုဘာ ၁၄၊ ၂၀၁၉။ ပါတီဌာနချုပ်ရုံး၊ ရန်ကုန်
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခြင်း ၃၁ နှစ်ပြည့် အခမ်းအနားတွင်
ပါတီ၏သဘောထားထုတ်ပြန်ချက်ကို ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၁)
ဒေါ်နှင်းနှင်းမွှေး က ဖတ်ကြားခဲ့ပါသည်။ အောက်တိုဘာ ၁၄၊ ၂၀၁၉။ ပါတီဌာနချုပ်ရုံး၊ ရန်ကုန်
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခြင်း ၃၁ နှစ်ပြည့် အခမ်းအနားတွင်
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော် က
အမှတ်တရစကား ပြောကြားခဲ့ပါသည်။ အောက်တိုဘာ ၁၄၊ ၂၀၁၉။ ပါတီဌာနချုပ်ရုံး၊ ရန်ကုန်
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခြင်း ၃၁ နှစ်ပြည့် အခမ်းအနားတွင်
ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးစိုးနိုင် က အမှတ်တရစကား
ပြောကြားခဲ့ပါသည်။ အောက်တိုဘာ ၁၄၊ ၂၀၁၉။ ပါတီဌာနချုပ်ရုံး၊ ရန်ကုန်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခြင်း ၃၁ နှစ်ပြည့် အခမ်းအနားတွင်
အဖွင့်အမှာစကားကို ပါတီဒုတိယဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံက ပြောကြားခဲ့ပါသည်။ အောက်တိုဘာ ၁၄၊ ၂၀၁၉။ ပါတီဌာနချုပ်ရုံး၊ ရန်ကုန်။
By Shwe Yee, on October 14th, 2019
ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့
လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့
ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
(DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။
ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊
ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့
ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ
ပြောကြားခဲ့တာဖြစ်ပါတယ်။
ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်
By Shwe Yee, on October 14th, 2019
၂၀၁၉ အောက်တိုဘာ ၁၄။ ပါတီဌာနချုပ်ရုံး၊ ရန်ကုန်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ထောင်ခြင်း ၃၁ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် နိုင်ငံရေးစကားဝိုင်းကို အောက်တိုဘာ ၁၄ ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါတီဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံက အဖွင့်စကားပြောကြားခဲ့ပြီး ဦးစိုးနိုင်(ကယန်းပြည်သစ်ပါတီ)၊ ဦးစိုင်းညွန့်လွင်(ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးမျိုးကျော်(ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်)တို့က အမှတ်တရစကား ပြောကြားပေးခဲ့ကြပါသည်။ ထို့နောက် “မြန်မာ့နိုင်ငံရေးနှင့် ကုလသမဂ္ဂ”ခေါင်းစဉ်ဖြင့် နိုင်ငံရေးဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဒေါက်တာရန်မျိုးသိမ်း၊ မခင်စန္ဒာထွန်း၊ ဦးရဲမျိုးဟိန်း၊ ဦးအောင်မိုးဇော်တို့က မြန်မာနိုင်ငံတွင် ဖြစ်ပွါးနေသည့် ပဋိပက္ခများ၊ စိန်ခေါ်မှုများ၊ ကမ္ဘာ့နိုင်ငံကြီးများကြား အင်အားပြိုင်ဆိုင်မှု၊ အခွင့်အလမ်းများနှင့် ထောင်ချောက်များ၊ ကမ္ဘာ့ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံ၏ လက်ရှိဆက်ဆံရေးအခြေအနေ၊ မြန်မာ့နိုင်ငံခြားရေးမူဝါဒကို လူသားဝါဒပေါ်အခြေခံစဉ်းစားသင့်ကြောင်း စသည်တို့ကို ဦးဆောင်ဆွေးနွေးပေးခဲ့ကြပါသည်။ မိတ်ဖက်နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ စိတ်ပါဝင်စားသူများ ဆွေးနွေးပွဲတက်ရောက်ခဲ့ကြပါသည်။
By Shwe Yee, on October 14th, 2019