ဆရာဦးလှရွှေ(အောင်သာ-PPP)၏ “နိုင်ငံရေးဆိုတာ သမိုင်း၊ သမိုင်းဆိုတာ နိုင်ငံရေး” စာအုပ်မိတ်ဆက်ပွဲနှင့် အသက်(၈၀)ပြည့် အမှတ်တရအခမ်းအနားသို့ တက်ရောက်

ဆရာဦးလှရွှေ(အောင်သာ-PPP)၏ “နိုင်ငံရေးဆိုတာ သမိုင်း၊ သမိုင်းဆိုတာ နိုင်ငံရေး” စာအုပ်မိတ်ဆက်ပွဲနှင့် အသက်(၈၀)ပြည့် အမှတ်တရအခမ်းအနားကို ၂၀၁၇၊ နိုဝင်ဘာ ၁၄ ရက်နေ့က တောင်ဥက္ကလာ စိတ်တိုင်းကျစားသောက်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်များ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့၊ မှိုင်းငြိမ်းကွန်ရက်အဖွဲ့ဝင်များ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ကျွန်းပြန်နိုင်ငံရေးအင်အားစု၊ ၇၄-၇၅ နိုင်ငံရေးအင်အားစုများ၊ ဆရာဦးလှရွှေအား ချစ်ခင်လေးစားသူများ အခမ်းအနား တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတက်ရောက်လာသူများက ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပြီး ဆရာဦးလှရွှေကလည်း စာအုပ်ရေးသားရခြင်းအကြောင်းရင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။

Continue Reading

ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့နှင့် မှိုင်းငြိမ်းကွန်ရက်တို့၏ အစည်းအဝေးသို့ တက်ရောက်

ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့နှင့် မှိုင်းငြိမ်းကွန်ရက်တို့၏ အစည်းအဝေးကို ၂၀၁၇ နိုဝင်ဘာ ၁၂ ရက်နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းရှိ မှိုင်းဂူဗိမာန်၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေး၌ ရွှေတောင်ဝါးလည်ရွာတွင် ဆောက်လုပ်မည့် ငြိမ်းချမ်းရေးဗိမာန်ဆိုင်ရာကိစ္စရပ်များ၊ နိုဝင်ဘာ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် ပြုလုပ်ခဲ့သည့် နိုင်ငံရေးဆွေးနွေးပွဲ၊ စာအုပ်ဈေးရောင်းပွဲဆိုင်ရာ အခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

၆၂ နှစ်မြောက် ကရင်ပြည်နယ်နေ့ ဖွင့်ပွဲအခမ်းအနားသို့ ဘားအံမြို့နယ်၊ စည်းရုံးရေးကော်မတီဝင်များ တက်ရောက်

၆၂ နှစ်မြောက် ကရင်ပြည်နယ်နေ့ ဖွင့်ပွဲအခမ်းအနားကို ၇-၁၁-၂၀၁၇ ရက်နေ့က ဘားအံမြို့ ကရင်ပြည်နယ်အစိုးရုံးမြက်ခင်းပြင်၌ ကျင်းပခဲ့ပါသည်။ ၎င်းဖွင့်ပွဲအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဘားအံမြို့နယ်ဥက္ကဋ္ဌနှင့် မြို့နယ်စည်းရုံးရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

SocDem Asia က စီစဉ်ကျင်းပသည့် Inclusive Policy Formulation Training Workshop (တတိယနေ့)

SocDem Asia က စီစဉ်ကျင်းပသည့် Inclusive Policy Formulation Training Workshop တတိယနေ့ကို ၇-၁၁-၂၀၁၇ နေ့တွင် ရန်ကုန်မြို့ Orchid Hotel ၌ ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့မှ ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတက်ရောက်လာသူများက လက်ရှိ မြန်မာ့နိုင်ငံရေးစိန်ခေါ်ချက်များအား အဖြေရှာနိုင်ရေးအတွက် ယခင်နေ့က ဆွေးနွေးရရရှိချက်များအား ဆက်လက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

SocDem Asia က စီစဉ်ကျင်းပသည့် Inclusive Policy Formulation Training Workshop (ဒုတိယနေ့)

SocDem Asia က စီစဉ်ကျင်းပသည့် Inclusive Policy Formulation Training Workshop ဒုတိယနေ့ကို ၆-၁၁-၂၀၁၇ နေ့တွင် ရန်ကုန်မြို့ Orchid Hotel ၌ ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ လူ့ဘောင်သစ်လူငယ်နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့မှ ခေါင်းဆောင်များ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ DPNS ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က မူဝါဒစာတမ်း(မူကြမ်း)ရရှိအောင် ကြိုးပမ်းခဲ့သည့်အခြေအနေများကို ပြန်လည်တင်ပြခဲ့သည်။ SNLD တွဲဘက်အတွင်းရေးမှူးဦးစိုင်းကျော်ညွန့်က လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။ ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာသူများက မြန်မာ့နိုင်ငံရေးစိန်ခေါ်ချက်များအား အဖြေရှာနိုင်ရေးအတွက် အုပ်စုဖွဲ့ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

SocDem Asia က စီစဉ်ကျင်းပသည့် Inclusive Policy Formulation Training Workshop (ပထမနေ့)

SocDem Asia က စီစဉ်ကျင်းပသော အားလုံးပါဝင်သည့်မူဝါဒရေးဆွဲရေး ဆွေးနွေးပွဲ ပထမနေ့ကို ၅-၁၁-၂၀၁၇ တွင် ရန်ကုန်မြို့ Orchid Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ လူ့ဘောင်သစ်လူငယ်နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့မှခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

ငြိမ်းချမ်းရေးလှုပ်ရှားမှု ၆၉ နှစ်ပြည့် နိုင်ငံရေးဆွေးနွေးပွဲသို့ တက်ရောက်

၂၊ ၁၁၊ ၂၀၁၇ နေ့လယ် ၁ နာရီမှ ၀၃း၃၀ နာရီထိ ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းရှိ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်နှင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့က စီစဉ်သည့် စာအုပ်ဈေးရောင်းပွဲတော်နှင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှု ၆၉ နှစ်မြောက် အထိမ်းအမှတ် “မဟာမှိုင်းငြိမ်းချမ်းရေးနှင့် ယနေ့ဗမာပြည်” နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ဆရာဦးအံ့မောင် (နာယက၊ မှိုင်း/ငြိမ်း ကွန်ရက်)နှင့် ဆရာကြည်နိုင်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြပါသည်။ ထို့နောက် “ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် သွေးစည်းညီညွတ်ရေး” ခေါင်းစဉ်ဖြင့် ဦးချစ်ဆောင်ဦး(မှိုင်း/ငြိမ်း ကွန်ရက်)၊ “ဆရာကြီး၏ငြိမ်းချမ်းရေးနှင့် လက်ရှိငြိမ်းချမ်းရေး အကျပ်အတည်း” ခေါင်းစဉ်ဖြင့် ဦးငွေလင်း(မှိုင်းရာပြည့်)၊ “ငြိမ်းချမ်းရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံ” ခေါင်းစဉ်ဖြင့် ကိုကျော်ကိုကို(SDUF)တို့က ဦးဆောင်ဆွေးနွေးကြပြီး ပရိတ်ဿတ်များက မေးခွန်းများ ပြန်လည်မေးမြန်းခဲ့ကြပါသည်။

Continue Reading

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်ခြင်း ၂၉ နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်ခြင်း ၂၉ နှစ်ပြည့်အခမ်းအနားကို ၂၀၁၇ အောက်တိုဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက ကိုးမိုင် အောင်မြေဘုံသာရှမ်းကျောင်း ၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် UNA အဖွဲ့ဝင်ပါတီများ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့ အစရှိသည့် နိုင်ငံရေးပါတီများ အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ အခမ်းအနားတက်ရောက်ခဲ့ကြပြီး သဝဏ်လွှာများလည်း ပေးပို့ခဲ့ကြပါသည်။

Continue Reading

ဗိုလ်မှူးကြီးစောလွင်ကျဆုံးခြင်း ၆ လပြည့် အမှတ်တရအခမ်းအနားသို့ တက်ရောက်

ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီးစောလွင်(ခ)ဦးဌေးအောင် ကျဆုံးခြင်း ၆ လပြည့် အမှတ်တရအခမ်းအနားကို ၂၀၁၇ အောက်တိုဘာ ၂၅ ရက် နေ့လည်၁း၀၀ နာရီမှ ညနေ ၄း၀၀ နာရီအထိ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဉာဏ်လင်းသစ်သုတေသနစာကြည့်တိုက်၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် သားဖြစ်သူ ကိုထွန်းသူအောင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုမှ ဦးခင်ဝင်း ကယန်းပြည်သစ်ပါတီဗဟိုကော်မတီဝင် ဦးစိုးနိုင်သန်းတို့က ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပါသည်။ ဗိုလ်မှူးကြီးစောလွင်ဈာပနအား ရိုက်ကူးထားသည့် “အမှောင်ထုကိုအံတုရဲတဲ့ အလင်းတစ်ပွင့်” မှတ်တမ်းခွေ ရိုက်ကူးမှုနှင့်ပတ်သက်၍ သားကြီးမောင်ဇေယျနှင့် ကိုဉာဏ်ကြီးတို့က အမှတ်တရ ပြောကြားခဲ့ကြပါသည်။ အခမ်းအနားသို့ ဗိုလ်မှူးကြီးစောလွင်၏မိသားစုဝင်များ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး လူ့ဘောင်သစ်လူငယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် ဗကသများအဖွဲ့ချုပ်နှင့် နိုင်ငံရေးလှုပ်ရှားတက်ကြွသူများ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

ဆရာဗန်းမော်တင်အောင် ကွယ်လွန်ခြင်း ၃၉ နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်

ပြည်သူ့စာရေးဆရာ ပြည်သူ့သတင်းစာဆရာ ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း ၃၉ နှစ်ပြည့်အခမ်းအနားကို ၂၀၁၇ အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းမှနေ့လည်ပိုင်းအထိ တောင်ဥက္ကလာပစိတ်တိုင်းကျစားသောက်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။ ဆရာဦးအံ့မောင် သိက္ခာတော်ရဆရာဦးကျော်ညွန့် ကိုကိုးကျွန်းပြန်ဦးလှချို ဆရာဦးအောင်မော် ဆရာမဒေါ်ခင်နှင်းဦး ဆရာကိုလေးမြတ် သားဖြစ်သူ ဦးဗဟိန်းအောင်တို့က ဆရာဗန်းမော်တင်အောင်၏ စာပေနှင့်နိုင်ငံရေးဖြတ်သန်းမှုတို့ကို အမှတ်တရ ဂုဏ်ပြုပြောကြားခဲ့ကြပါသည်။ ထို့နောက် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်နှင့် ကိုကိုးကျွန်းပြန်နိုင်ငံရေးအင်အားစုတို့ကို ဆရာဗန်းမော်တင်အောင်မိသားစုက အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ အခမ်းအနားသို့ နိုင်ငံရေးနှင့် စာပေအနုပညာနယ်ပယ်မှပုဂ္ဂိုလ်များ ဆရာဗန်းမော်တင်အောင်ကို ချစ်ခင်လေးစားသူများ တက်ရောက်ခဲ့ကြပါသည်။

Continue Reading