လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေး ၂/၂၀၁၇ ကျင်းပ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေး ၂/၂၀၁၇ ကို စက်တင်ဘာ ၉ရက်နှင့် ၁၀ ရက်နေ့များတွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးပထမနေ့တွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အဖွင့်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် ဗဟိုဦးဆောင်ကော်မတီ၏ နိုင်ငံရေးအစီရင်ခံစာနှင့် လုပ်ငန်းအစီရင်ခံစာတို့ကို တင်ပြဆွေးနွေးခဲ့ကြပါသည်။ ဗဟိုစည်းရုံးရေးကော်မတီဝင်များကလည်း ဒေသဆိုင်ရာကိစ္စရပ်များကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေး ဒုတိယနေ့တွင် ၂၀၁၇ ခုနှစ်လုပ်ငန်းစဉ်ဇယားနှင့် အလုပ်ပြီးစီးမှုအခြေအနေများကို တင်ပြသုံးသပ်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် လတ်တလောလုပ်ငန်းစဉ်များကို အတည်ပြုပြီး အလုပ်တာဝန်များ ခွဲဝေခဲ့ကြပါသည်။

Continue Reading

သခင်ဗဟိန်းရာပြည့်အခမ်းအနား ကျင်းပရေးကော်မတီ (ရန်ကုန်)မှ ရံပုံငွေ လှူဒါန်း

သခင်ဗဟိန်းရာပြည့်အခမ်းအနားကျင်းပရေးကော်မတီ(ရန်ကုန်)မှ အခမ်းအနားကျင်းပပြီး ကျန်ရှိသည့် ရံပုံငွေကို ၃-၉-၂၀၁၇ တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း အထိမ်းအမှတ် ငြိမ်းချမ်းရေးဗိမာန်ဆောက်လုပ်ရန်အတွက်လည်းကောင်း၊ ၄-၉-၂၀၁၇ တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်သို့လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပါသည်။

Continue Reading

ကျောင်းသားသမဂ္ဂများရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အဦးဆိုင်ရာ ဆွေးနွေးပွဲ(ပထမအကြိမ်)

ကျောင်းသားသမဂ္ဂများရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အဦဆိုင်ရာ ဆွေးနွေးပွဲ(ပထမအကြိမ်)ကို ၂၀၁၇၊ သြဂုတ်လ၊ ၃၀ ရက်နေ့က တက္ကသိုလ်များဓမ္မာရုံတွင် ပြုလုပ်ခဲ့ပါသည်။ ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် သတ်မှတ်ချက်ဆိုင်ရာ သဘောထားများစုစည်းခြင်း၊ တကသအဆောက်အဦ၏ သမိုင်းတန်ဖိုးဆိုင်ရာ သဘောထားများစုစည်းခြင်း၊ ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အဦဆိုင်ရာ လုပ်ငန်းများအတွက် လိုအပ်သော အခြေခံသဘောထားများ စုစည်းခြင်းဟူသည့် ဦးတည်ချက်သုံးခုဖြင့် ဆွေးနွေးပွဲကျင်းပခြင်းဖြစ်သည်။ ဆွေးနွေးပွဲသို့ ၁၉၅၃ မှ ၂၀၁၇ အထိ ကျောင်းသားမျိုးဆက်များ တက်ရောက်ပြီး သဘောထားအမြင်များ တင်ပြခဲ့ကြပါသည်။ တက်ရောက်လာကြသော ကျောင်းသားမျိုးဆက်အများစုက ကျောင်းသားသမဂ္ဂ တရား ၀င်ရပ်တည်ခွင့်ရရှိရေးကို ဦးစားပေးဆောင်ရွက်သင့်ကြောင်း၊ ထို့နောက်မှသာ သမိုင်းတန်ဖိုးများကို မပျောက်ပျက်စေဘဲ သမဂ္ဂအဆောက်အဦတည်ဆောက်ရေးကို လုပ်ဆောင်သင့်ကြောင်း ဆွေးနွေးတင်ပြခဲ့ကြပါသည်။ ဆွေးနွေးပွဲအပြီးတွင် သတင်းထုတ်ပြန်ချက်တစောင်လည်း ထုတ်ပြန်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးကလည်း ၈၈ မျိုးဆက်ကျောင်းသူတစ်ယောက်အဖြစ် သဘောထားတင်ပြချက်တစ်စောင် ပေးပို့တင်ပြခဲ့ပါသည်။

Continue Reading