ငြိမ်းချမ်းရေးလှုပ်ရှားမှု ၆၉ နှစ်ပြည့် နိုင်ငံရေးဆွေးနွေးပွဲသို့ တက်ရောက်
၂၊ ၁၁၊ ၂၀၁၇ နေ့လယ် ၁ နာရီမှ ၀၃း၃၀ နာရီထိ ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းရှိ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်နှင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့က စီစဉ်သည့် စာအုပ်ဈေးရောင်းပွဲတော်နှင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှု ၆၉ နှစ်မြောက် အထိမ်းအမှတ် “မဟာမှိုင်းငြိမ်းချမ်းရေးနှင့် ယနေ့ဗမာပြည်” နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ဆရာဦးအံ့မောင် (နာယက၊ မှိုင်း/ငြိမ်း ကွန်ရက်)နှင့် ဆရာကြည်နိုင်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြပါသည်။ ထို့နောက် “ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် သွေးစည်းညီညွတ်ရေး” ခေါင်းစဉ်ဖြင့် ဦးချစ်ဆောင်ဦး(မှိုင်း/ငြိမ်း ကွန်ရက်)၊ “ဆရာကြီး၏ငြိမ်းချမ်းရေးနှင့် လက်ရှိငြိမ်းချမ်းရေး အကျပ်အတည်း” ခေါင်းစဉ်ဖြင့် ဦးငွေလင်း(မှိုင်းရာပြည့်)၊ “ငြိမ်းချမ်းရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံ” ခေါင်းစဉ်ဖြင့် ကိုကျော်ကိုကို(SDUF)တို့က ဦးဆောင်ဆွေးနွေးကြပြီး ပရိတ်ဿတ်များက မေးခွန်းများ ပြန်လည်မေးမြန်းခဲ့ကြပါသည်။
Continue Reading