ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By DPNS INFORMATION, on November 26th, 2017 လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ဆောက်ရေး မဟာဗျူဟာ အလုပ်ရုံဆွေးနွေးပွဲ(ဒုတိယနေ့)ကို ၂၀၁၇ နိုဝင်ဘာ ၂၆ ရက်နေ့တွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်များ၊ မြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတက်ရောက်လာသူများက ဆွေးနွေးပွဲပထမနေ့ ရရှိချက်များအား ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ပါတီတည်ဆောက်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များအတွက် ၂၀၁၈ ခုနှစ်အတွင်း ဆောင်ရွက်ရမည့်ကိစ္စရပ်များကို အုပ်စုခွဲ၍ ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on November 25th, 2017 လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ဆောက်ရေး မဟာဗျူဟာ အလုပ်ရုံဆွေးနွေးပွဲ(ပထမနေ့)ကို ၂၀၁၇ နိုဝင်ဘာ ၂၅ ရက်နေ့တွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်များ၊ မြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။ ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်က အဖွင့်စကားပြောကြားရာတွင် ပါတီတည်ဆောက်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်သင့်သည့်ကိစ္စရပ်များကို ထည့်သွင်းပြောကြားခဲ့ပါသည်။ အတွင်းရေးမှူး(၁)ဦးသီဟက ၂၀၁၇ ခုနှစ်အတွင်း ပါတီတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အားသာချက်များ၊ အားနည်းချက်များကို တင်ပြပေးခဲ့ပါသည်။ ဆွေးနွေးပွဲတက်ရောက်လာသူများက ၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲ ရရှိချက်များအား ပြန်လည်သုံးသပ်ခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသည့်ရဲဘော်များက ပါတီတည်ဆောက်ရေးအတွက် အခွင့်အလမ်းများ၊ စိန်ခေါ်မှုများ၊ အားသာချက်များ၊ အားနည်းချက်များကို အုပ်စုအလိုက် ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on November 21st, 2017 ကျောင်းသားသမဂ္ဂများရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အဦဆိုင်ရာ ဒုတိယအကြိမ်ဆွေးနွေးပွဲကို ၂၀၁၇ နိုဝင်ဘာ ၁၉ ရက်နေ့တွင် ကမာရွတ်မြို့နယ်ရှိ တက္ကသိုလ်များဓမ္မာရုံ၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ကျောင်းသားမျိုးဆက်အသီးသီးက ကျောင်းသားမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အဦဆိုင်ရာ သဘောထားများကို တင်ပြခဲ့ကြပါသည်။ ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးအတွက် သတ်မှတ်ချက်များကိုလည်း လက်ရှိကျောင်းသားသမဂ္ဂများက အချက်အလက်များဖြင့် တင်ပြခဲ့ကြပါသည်။ ထို့နောက် ဆွေးနွေးပွဲဖိတ်ကြားရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ကို ၂၀၁၇ နိုဝင်ဘာ ၁၉ ရက်နေ့တွင် ကမာရွတ်မြို့နယ်ရှိ တက္ကသိုလ်များဓမ္မာရုံ၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ကျောင်းသားမျိုးဆက်အသီးသီးက ကျောင်းသားမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အဦဆိုင်ရာ သဘောထားများကို တင်ပြခဲ့ကြပါသည်။ ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးအတွက် သတ်မှတ်ချက်များကိုလည်း လက်ရှိကျောင်းသားသမဂ္ဂများက အချက်အလက်များဖြင့် တင်ပြခဲ့ကြပါသည်။ ထို့နောက် ဆွေးနွေးပွဲဖိတ်ကြားရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
By DPNS INFORMATION, on November 21st, 2017 ၂၀၁၇၊ နိုဝင်ဘာ ၂၁ ရက်နေ့လည်ပိုင်းတွင် ပါတီဌာနချုပ်ရုံးသို့ အလည်အပတ်ရောက်ရှိလာသော Swedish Social Democratic Youth League(SSU) အဖွဲ့ဝင်များနှင့် DPNS ပါတီဥက္ကဋ္ဌအပါအဝင် ဗဟိုဦးဆောင်ကော်မတီဝင်များသည် လက်ရှိနိုင်ငံရေးအခြေအနေများနှင့်ပတ်သက်၍ အမြင်ဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on November 14th, 2017 ဆရာဦးလှရွှေ(အောင်သာ-PPP)၏ “နိုင်ငံရေးဆိုတာ သမိုင်း၊ သမိုင်းဆိုတာ နိုင်ငံရေး” စာအုပ်မိတ်ဆက်ပွဲနှင့် အသက်(၈၀)ပြည့် အမှတ်တရအခမ်းအနားကို ၂၀၁၇၊ နိုဝင်ဘာ ၁၄ ရက်နေ့က တောင်ဥက္ကလာ စိတ်တိုင်းကျစားသောက်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်များ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့၊ မှိုင်းငြိမ်းကွန်ရက်အဖွဲ့ဝင်များ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ကျွန်းပြန်နိုင်ငံရေးအင်အားစု၊ ၇၄-၇၅ နိုင်ငံရေးအင်အားစုများ၊ ဆရာဦးလှရွှေအား ချစ်ခင်လေးစားသူများ အခမ်းအနား တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတက်ရောက်လာသူများက ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပြီး ဆရာဦးလှရွှေကလည်း စာအုပ်ရေးသားရခြင်းအကြောင်းရင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။
By DPNS INFORMATION, on November 12th, 2017 ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့နှင့် မှိုင်းငြိမ်းကွန်ရက်တို့၏ အစည်းအဝေးကို ၂၀၁၇ နိုဝင်ဘာ ၁၂ ရက်နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းရှိ မှိုင်းဂူဗိမာန်၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေး၌ ရွှေတောင်ဝါးလည်ရွာတွင် ဆောက်လုပ်မည့် ငြိမ်းချမ်းရေးဗိမာန်ဆိုင်ရာကိစ္စရပ်များ၊ နိုဝင်ဘာ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် ပြုလုပ်ခဲ့သည့် နိုင်ငံရေးဆွေးနွေးပွဲ၊ စာအုပ်ဈေးရောင်းပွဲဆိုင်ရာ အခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on November 7th, 2017 ၆၂ နှစ်မြောက် ကရင်ပြည်နယ်နေ့ ဖွင့်ပွဲအခမ်းအနားကို ၇-၁၁-၂၀၁၇ ရက်နေ့က ဘားအံမြို့ ကရင်ပြည်နယ်အစိုးရုံးမြက်ခင်းပြင်၌ ကျင်းပခဲ့ပါသည်။ ၎င်းဖွင့်ပွဲအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဘားအံမြို့နယ်ဥက္ကဋ္ဌနှင့် မြို့နယ်စည်းရုံးရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။
By DPNS INFORMATION, on November 7th, 2017 SocDem Asia က စီစဉ်ကျင်းပသည့် Inclusive Policy Formulation Training Workshop တတိယနေ့ကို ၇-၁၁-၂၀၁၇ နေ့တွင် ရန်ကုန်မြို့ Orchid Hotel ၌ ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့မှ ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတက်ရောက်လာသူများက လက်ရှိ မြန်မာ့နိုင်ငံရေးစိန်ခေါ်ချက်များအား အဖြေရှာနိုင်ရေးအတွက် ယခင်နေ့က ဆွေးနွေးရရရှိချက်များအား ဆက်လက်ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on November 6th, 2017 SocDem Asia က စီစဉ်ကျင်းပသည့် Inclusive Policy Formulation Training Workshop ဒုတိယနေ့ကို ၆-၁၁-၂၀၁၇ နေ့တွင် ရန်ကုန်မြို့ Orchid Hotel ၌ ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ လူ့ဘောင်သစ်လူငယ်နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့မှ ခေါင်းဆောင်များ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ DPNS ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က မူဝါဒစာတမ်း(မူကြမ်း)ရရှိအောင် ကြိုးပမ်းခဲ့သည့်အခြေအနေများကို ပြန်လည်တင်ပြခဲ့သည်။ SNLD တွဲဘက်အတွင်းရေးမှူးဦးစိုင်းကျော်ညွန့်က လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။ ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာသူများက မြန်မာ့နိုင်ငံရေးစိန်ခေါ်ချက်များအား အဖြေရှာနိုင်ရေးအတွက် အုပ်စုဖွဲ့ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on November 5th, 2017
SocDem Asia က စီစဉ်ကျင်းပသော အားလုံးပါဝင်သည့်မူဝါဒရေးဆွဲရေး ဆွေးနွေးပွဲ ပထမနေ့ကို ၅-၁၁-၂၀၁၇ တွင် ရန်ကုန်မြို့ Orchid Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ လူ့ဘောင်သစ်လူငယ်နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့မှခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
|