ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By DPNS INFORMATION, on January 30th, 2018 လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီက စီစဉ်ကျင်းပသည့် နိုင်ငံရေးတွင်အမျိုးသမီးများပါဝင်မှုမြှင့်တင်ရေးဆိုင်ရာဆွေးနွေးပွဲကို ၂၀၁၈ ဇန်နဝါရီ ၃၀ ရက်နေ့တွင် မြင်းခြံမြို့၌ ပြုလုပ်ခဲ့ပါသည်။ အမျိုးသမီးလုပ်ငန်းကော်မတီဝင်များ ဆားလင်းကြီး မြင်းခြံ တံတားဦးမြို့နယ်တို့မှ အမျိုးသမီးခေါင်းဆောင်များ ဆွေးနွေးပွဲတက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲ၌ နိုင်ငံရေးတွင် အမျိုးသမီးများပါဝင်လုပ်ဆောင်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ အမျိုးသမီးများပါဝင်မှု မြှင့်တင်နိုင်ရေးအတွက် နည်းလမ်းများကို ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on January 25th, 2018
By DPNS INFORMATION, on January 24th, 2018 ငြိမ်းစုစီဥပဒေ ပုဒ်မ(၁၉)ဖြင့် တရားစွဲဆိုခံထားရသည့် လူငယ်(၃)ဦးအမှုကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မှ ကြားဝင် စေ့စပ်ညှိနှိုင်းပေးမှုကြောင့် ကယားပြည်နယ်အာဏာပိုင်များက ၂၀၁၈ ဇန်နဝါရီ ၂၃ရက်နေ့တွင် အမှုရုပ်သိမ်းပေးခဲ့ပါသည်။ သက်ဆိုင်ရာ အဖွဲ့အစည်းများ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ လူ့ဘောင်သစ်လူငယ်နှင့် တစ်ပြည်လုံးမှ အရပ်ဘက်အဖွဲ့အစည်းများ လာရောက်ဝန်းရံပေးခဲ့ကြသည်။ ကယန်းအမျိုးသားပါတီဥက္ကဋ္ဌ ခွန်းဘီဒူး ကယန်းမျိုးဆက်သစ်လူငယ်မှ ခွန်းအသန်းနှင့် ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂမှ ခူးတူးရယ်တို့ လွိုင်ကော်အကျဉ်းထောင်မှ ယနေ့ လွတ်မြောက်လာခဲ့ပြီး ကယားပြည်နယ်ကျောင်းသားများသမဂ္ဂမှ ခွန်းရဲမင်းကျော်၊ ကိုမျိုးလှိုင်ဝင်းနှင့် ခွန်းဂျွန်ပေါ၊ ကရင်နီတောင်သူလယ်သမားများသမဂ္ဂမှ ဒီးဒီနှင့် ကရင်နီပြည်လူငယ်များသမဂ္ဂမှ ခွန်းဘိုဘိုတို့ မနက်ဖြန် ၂၄ ရက်နေ့တွင် လွတ်မြောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။
By DPNS INFORMATION, on January 23rd, 2018 SocDem Asia က ဦးစီးကျင်းပသည့် Action for Gender Equality conference ကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ HARRIS Vertu Hotel ၌ ဇန်နဝါရီ ၂၂ ရက်နှင့်၂၃ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ Confrence သို့ နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ကိုယ်စားလှယ်စုစုပေါင်း ၄၆ ဦး တက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံမှ ဒေါ်တင်တင်ချို (DPNS ဗဟိုစည်းရုံးရေးကော်မတီဝင်/အမျိုးသမီးလုပ်ငန်းကော်မတီ ဆက်သွယ်ရေးတာဝန်ခံ)နှင့် ဒေါ်နိုးနိုးထက်စံတို့ တက်ရောက်ခဲ့ကြပါသည်။
Confrence တွင် အမျိုးသမီးများ၏ လက်ရှိကာလ နိုင်ငံရေးပါဝင်မှုအခြေအနေကိုသုံးသပ်ခြင်း နိုင်ငံရေးဦးဆောင်မှုတွင် အမျိုးသမီးများ ပါဝင်မှု အားနည်းရခြင်းအကြောင်းအရာများရှာဖွေခြင်း ပါဝင်မှုအားကောင်းလာစေရန် မဟာဗျူဟာမြောက်လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြပါသည်။
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ ဒေါ်နိုးနိုးထက်စံက ”’ အမျိုးသမီးများ၏ နိုင်ငံရေးပါဝင်မှုသည် ဒီမိုကရေစီအားကောင်းရေးလုပ်ငန်းစဉ်များမှ တခုဖြစ်ကြောင်း အမျိုးသမီးများ၏အားဖြင့် ဒီမိုကရေစီဖြစ်ထွန်းတိုးတက်မှုအတွက် လုပ်ဆောင်ခြင်းဖြစ်သည်။ ထို့ကြောင့် အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်မှုကို ကန့်သတ်မထားရန် လိုအပ်ကြောင်း”’ ပြောကြားခဲ့ပါသည်။
ယနေ့ကျား မ တန်းတူရေးလှုပ်ရှားမှုအခြေအနေကို Feminist working group တာဝန်ခံ Progressive alliance Party ဒု-ဥက္ကဋ္ဌ European Socialists Women -Marja Biji က ဆွေးနွေးတင်ပြခဲ့သည်။ ”’လူ့အသိုင်းအဝိုင်းတွင် တန်းတူညီမျှရေးကို ဖော်ဆောင်မည် ဆိုသူများအနေဖြင့် Gender equality ကို မဖော်နိုင်ခဲ့လျှင် လူ့အသိုင်းအဝန်း တန်းတူရေးကိုလည်း မည်သည့်အခါမျှ ဖော်ဆောင်ပေးနိုင်မည်မဟုတ်ကြောင်း”’ မှတ်ချက်ပေးခဲ့သည်။
ထို့အပြင် ပါကစ္စတန်- အင်ဒိုနီးရှား- တောင်ကိုးရီးယား- ပြင်သစ်-ဆွီဒင်- နီပေါ အိန္ဒိယနိုင်ငံ စသည့်နိုင်ငံအသီးသီးမှလည်း မိမိတို့နိုင်ငံ၏ အမျိုးသမီးများ နိုင်ငံရေးတွင်ပါဝင်မှု အခြေအနေကို အသီးသီးဆွေးနွေးတင်ပြခဲ့ကြောင်း သိရပါသည်။
By DPNS INFORMATION, on January 20th, 2018 ပြေလည်မှုရရှိပြီး သဘောတူညီချက်များကို ပြန်လည်ချိုးဖေါက်သည့်အတွက် ဒုတိယအကြိမ် သပိတ်တိုက်ပွဲ ဆင်နွှဲနေသည့် KGG အထည်ချုပ် အလုပ်သမားသပိတ်သို့ ကူညီထောက်ပံ့ငွေ ၂၀,၀၀၀ိ (ကျပ်နှစ်သောင်း)အား လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကိုယ်စား ရဲဘော်ကိုဝေဇင်က ပေးအပ်လှူဒါန်းခဲ့ပါသည်။
By DPNS INFORMATION, on January 19th, 2018 လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေး(၁/၂၀၁၈)ကို ၂၀၁၈ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ၂၀၁၈ ခုနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် လတ်တလောဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးအတည်ပြုခဲ့ကြပါသည်။
By DPNS INFORMATION, on January 17th, 2018 People in Need လောကအလင်းနှင့် European Partnership for Democracy တို့ ပူးပေါင်းပြုလုပ်သည့် မြန်မာနိုင်ငံ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ မူးယစ်ဆေးဝါး မူဝါဒပြောင်းလဲခြင်းဆိုင်ရာ အစီရင်ခံစာမိတ်ဆက်ဆွေးနွေးပွဲကိုကရင်ပြည်နယ် ဘားအံမြို့ ခွယ်ကဘောင်ခန်မ၌ ပြုလုပ်ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဘားအံမြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌနှင့် စည်းရုံးရေးကော်မတီဝင်များ တက်ရောက်ဆွေးနွေးခဲ့ပါသည်။
By DPNS INFORMATION, on January 17th, 2018
မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသိပ္ပံမှ စီစဉ်ပြုလုပ်သည့် Best Prictices on Security Sector Workshop ဒုတိယနေ့ကို ၂၀၁၈ ဇန်နဝါရီ ၁၇ ရက်နေ့က ရန်ကုန်မြို့ Orchid Hotel ၌ ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ် အပါအဝင် နိုင်ငံရေးပါတီခေါင်းဆောင်များ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး၊ နယ်စပ်လုံခြုံရေး၊ ကာကွယ်ရေးကဏ္ဍပြုပြင်ပြောင်းလဲရေးဆိုင်ရာနည်းနာများ အစရှိသည်တို့ကို သင်တန်းတာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။
By DPNS INFORMATION, on January 16th, 2018 မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသိပ္ပံမှ စီစဉ်ပြုလုပ်သည့် Best Prictices on Security Sector Workshop ကို ၂၀၁၈ ဇန်နဝါရီ ၁၆ ရက်နေ့က ရန်ကုန်မြို့ Orchid Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်လူငယ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အပါအဝင် နိုင်ငံရေးပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် Security Sector Reform နှင့် Defence Reform တို့ကို သင်တန်းတာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။
By DPNS INFORMATION, on January 15th, 2018 Salween Institute for Public Policy နှင့် အမျိုးသမီးများဖွဲ့ချုပ်(မြန်မာနိုင်ငံ)တို့ ပူးပေါင်းထုတ်ဝေသည့် “ကျားမတန်းတူရေး မြှင့်တင်ခြင်းဆိုင်ရာ မဟာဗျူဟာများ” မူဝါဒရေးရာစာတမ်း မိတ်ဆက်မျှဝေခြင်း အခမ်းအနားကို ၂၀၁၈၊ ဇန်နဝါရီလ၊ ၁၅ ရက် နေ့လည် ၁း၀၀ နာရီတွင် ရန်ကုန်မြို့ရှိ Green Hill ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ စာတမ်းပြုစုသူများက စာတမ်းပါအကြောင်းအရာများကို ဦးဆောင်ဆွေးနွေးပေးခဲ့ကြပါသည်။ထိုစာတမ်းမိတ်ဆက်ပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏အမျိုးသမီးလုပ်ငန်းကော်မတီဝင်များ၊ လူ့ဘောင်သစ်လူငယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
|