ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By DPNS INFORMATION, on February 26th, 2018 လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီမိတ်ဆက်ဆွေးနွေးပွဲကို ၂၀၁၈ ဖေဖော်ဝါရီလ ၂၆ ရက်နေ့လည်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်ရုံးခန်း၌ ပြုလုပ်ခဲ့ရာ ပါတီဌာနချုပ်၊ မြို့နယ်စည်းရုံးရေးကော်မတီဝင်များနှင့် အင်္ဂပူမြို့နယ်ရှိပါတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးတိုးတိုးထွန်းတို့က ပါတီိမိတ်ဆက်၊ ပါတီသမိုင်းကြောင်း၊ ယခုနှစ်အတွင်းလုပ်ဆောင်မည့် လုပ်ငန်းစဉ်များအကြောင်း ဆွေးနွေးတင်ပြခဲ့ကြပါသည်။ အမျိုးသမီးလုပ်ငန်းကော်မတီ ဆက်သွယ်ရေးတာဝန်ခံ မသက်ဇွန်လင်းထင်က အမျိုးသမီးလုပ်ငန်းကော်မတီမိတ်ဆက်နှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရဗင်းလင်းတင်ပြခဲ့ပြီး လူ့ဘောင်သစ်လူငယ်အတွင်းရေးမှူး မစိမ့်အိစံက လူငယ်မိတ်ဆက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ အင်္ဂပူမြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်း၊ အတွင်းရေးမှူး ဦးဇော်မင်းနှင့် မြို့နယ်စည်းကော်မတီဝင်များက ၂၀၁၈ အတွင်း ဆောင်ရွက်ရန်ပြင်ဆင်ထားသည့် လုပ်ငန်းစဉ်များကို ပြန်လည်ရှင်းလင်း တင်ပြခဲ့ကြပါသည်။ ထို့နောက် ဌာနချုပ်နှင့်မြို့နယ်တို့အကြား ဆောင်ရွက်မည့်ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
By DPNS INFORMATION, on February 26th, 2018 လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြို့နယ်ရုံးခန်းဖွင့်လှစ်ပွဲကို ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်တွင် ၂၀၁၈ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် အဖွင့်အမှာစကားကို ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် က ပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဥက္ကဋ္ဌ ဦးတိုးတိုးထွန်းက ပါတီအကြောင်း မိတ်ဆက်ပြောကြားခဲ့ပါသည်။ အင်္ဂပူမြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းနှင့် တောင်သူလယ်သမားသမဂ္ဂမှ ဦးသန်းဌေးတို့ကလည်း အမှတ်တရစကား ပြောကြားခဲ့ကြပါသည်။ ရုံးခန်းဖွင့်လှစ်ပွဲသို့ DPNS ပါတီဝင်များ တောင်သူလယ်သမားသမဂ္ဂ အဖွဲ့ဝင်များ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
By DPNS INFORMATION, on February 20th, 2018 DIPD DRI နှင့် စည်ပင်သာယာရေးဥပဒေဆိုင်ရာအရပ်ဘက်အဖွဲ့အစည်းများပူးပေါင်းအဖွဲ့တို့က စီစဉ်သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲဆိုင်ရာ အလွှာစုံဆွေးနွေးပွဲကို ၂၀၁၈ ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် ရန်ကုန်မြို့ Summit Parkview ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီများ အရပ်ဘက်လူမှုအဖွဲ့အစည်းများ တက်ရောက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲဥပဒေများတွင် ပြင်ဆင်သင့်သည့်အချက်များ ပယ်ဖျက်သင့်သည့်ပုဒ်မများ အသစ်ထည့်သွင်းသင့်သည့်ပုဒ်မများကို ဆွေးနွေးခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ၂ ဒေါ်နှင်းနှင်းမွှေးလည်း တက်ရောက်ဆွေးနွေးခဲ့ပါသည်။
By DPNS INFORMATION, on February 18th, 2018 လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် ဦးဆောင်သည့်အဖွဲ့သည် ၂၀၁၈ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ်စည်းရုံးရေးကော်မီတီနှင့် တွေ့ဆုံ၍ အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌက၂၀၁၈ ခုနှစ်အတွင်း လုပ်ဆောင်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ပါသည်။ ပေါက်ခေါင်းမြို့နယ် စည်းကော်မတီဝင်များကလည်း မြို့နယ်အတွင်း စည်းရုံးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on February 17th, 2018
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့်အဖွဲ့သည် ၂၀၁၈ ဖေဖော်ဝါရီ၁၇ ရက်နေ့တွင် ပေါင်းတည်စည်းရုံးရေးကော်မတီရုံးခန်း၌ ပေါင်းတည်စည်းရုံးရေးကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။ထိုသို့ တွေ့ဆုံရာတွင် ပါတီဥက္ကဋ္ဌက လက်ရှိနိုင်ငံရေးအခြေအနေများအပေါ် ပါတီ၏ အမြင်သဘောထားနှင့် ၂၀၁၈ လုပ်ငန်းစဉ်ဇယားတို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ပေါင်းတည်စည်းကော်မတီဝင်များကလည်း မြို့နယ်အခြေအနေများ ဆောင်ရွက်လျက်ရှိသည်များကို ပြန်လည်တင်ပြခဲ့ကြပါသည်။
By DPNS INFORMATION, on February 16th, 2018 လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် လူ့ဘောင်သစ်လူငယ် တွဲဘက်အတွင်းရေးမှူး ကိုဝေဇင်နှင့် လူ့ဘောင်သစ်လူငယ် ဗဟိုလုပ်ငန်းကော်မတီဝင် ကိုအောင်ချိုဦးတို့သည် ၂၀၁၈ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ပဲခူးတိုင်း ဇီးကုန်းမြို့နယ် စည်းရုံးရေးကော်မတီဝင်များနှင့် တွေ့ဆုံစည်းဝေးခဲ့ကြပါသည်။ အစည်းအဝေးတွင် လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေများအပေါ် ပါတီ၏အမြင်သဘောထား ၂၀၁၈ ခုနှစ်အတွင်း လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့် ဇီးကုန်းမြို့နယ် စည်းကော်မတီ၏ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on February 14th, 2018 ဗဟိုဦးဆောင်ကော်မတီနှင့် အမျိုးသမီးလုပ်ငန်းကော်မတီ တွေ့ဆုံစည်းဝေး ပွဲကို ပါတီဌာနချုပ်ရုံးတွင်၁၄.၂.၂၀၁၈ ရက်နေ့တွင်ကျင်းပပြုလုပ်ရာ ပါတီဗဟိုကော်မတီဝင်များနှင့်အမျိုးသမီးလုပ်ငန်းကော်မတီ တို့ တွေ့ဆုံစည်းဝေးခဲ့ကြပါသည်။
By DPNS INFORMATION, on February 12th, 2018 ၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ၌ ၂၀၁၈ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ၏ ပြည်ထောင်စုနေ့သဝဏ်လွှာကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖတ်ကြားခဲ့ပါသည်။ အခမ်းအနားသို့ နိုင်ငံရေးပါတီခေါင်းဆောင်များ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ဌာနဆိုင်ရာများ ဖိတ်ကြားထားသည့်ဧည့်သည်များ တက်ရောက်ခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးလည်း အခမ်းအနား တက်ရောက်ခဲ့ပါသည်။
By DPNS INFORMATION, on February 11th, 2018 နှစ် ၇၀ ပြည့် ကရင်အမျိုးသားနေ့ အခမ်းအနားကို ၂၀၁၈ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အင်းစိန်မြို့နယ်၌ ကျင်းပခဲ့ပါသည်။ ၎င်းအခမ်းအနားသို့ နိုင်ငံရေးပါတီများ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ဖိတ်ကြားထားသောဧည့်သည်များ တက်ရောက်ခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်လည်း တက်ရောက်ခဲ့ပါသည်။
By DPNS INFORMATION, on January 31st, 2018 လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးနှင့် မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်များသည် ၂၀၁၈ ဇန်နဝါရီ ၃၁ ရက်နေ့တွင် မြင်းခြံမြို့၌ အစည်းအဝေးပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ဌာနချုပ်က ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ လုပ်ငန်းစဉ်များ နိုင်ငံရေးရပ်ခံချက်သဘောထားများကို အတွင်းရေးမှူး(၂)က ရှင်းလင်းတင်ပြခဲ့ပါသည်။ မြင်းခြံစည်းကော်မတီဝင်များကလည်း မြို့နယ်စည်းရုံးရေးအခြေအနေများ ဆောင်ရွက်ထားရှိမှုများ ရှေ့လုပ်ငန်းစဉ်များကို ပြန်လည်ရှင်းလင်း တင်ပြခဲ့ကြပါသည်။
|