ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By DPNS INFORMATION, on July 8th, 2018 ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ရုံးခန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၁၈၊ ဇူလိုင်လ ၈ ရက်နေ့တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၌ ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲသို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ အလုပ်သမားအရေးဆောင်ရွက်သူများ၊ အလုပ်သမားများ တက်ရောက်ခဲ့ကြပါသည်။ ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂမှ ရဲဘော်ဖိုးကျော် ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်မှ ဦးဝင်းသူ၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦးမှ ကိုကျော်ကိုကို၊ ဗကသများအဖွဲ့ချုပ်မှ ကိုကောင်းထက်ကျော်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဦးသီဟ၊ အလုပ်သမားအရေး လယ်သမားအရေး လူထုလူတန်းစားအရေးဆောင်ရွက်ကြသော ဘိုကလေးဦးအောင်မြင့် ၊ ဆရာချစ်တို့က အသီးသီး ဂုဏ်ပြုစကားပြောကြားခဲ့ကြပါသည်။ တက်ရောက်လာသည့် အလုပ်သမားများက လတ်တလောကြုံတွေ့နေရသော အခက်အခဲများအား တင်ပြခဲ့ပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on July 7th, 2018 ၇၊ ၇၊ ၂၀၁၈ တွင် ကျရောက်သည့် ၅၆ နှစ်မြောက် ၇-ဇူလိုင် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် တကသမြက်ခင်းပြင်ရှိ ဗိုလ်အောင်ကျော်အထိမ်းအမှတ်ကျောက်တိုင်၌ ဗကသများအဖွဲ့ချုပ်က ဦးဆောင်ကျင်းပခဲ့ပါသည်။ ဗကသများအဖွဲ့ချုပ်နှင့် ကျောင်းသားသမဂ္ဂများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ အစရှိသည့် ကျောင်းသားမျိုးဆက်အသီးသီး၊ နိုင်ငံရေးအင်အားစုအသီးသီး တက်ရောက်ဂုဏ်ပြုခဲ့ကြပါသည်။
အခမ်းအနား၌ ၇-ဇူလိုင်တွင် ကျဆုံးခဲ့သည့် ကျောင်းသားရဲဘော်များအား ဦးညွှတ်အလေးပြုပြီးနောက် ပေးပို့လာသည့် သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် လူ့ဘောင်သစ်လူငယ်တို့ကလည်း သဝဏ်လွှာများ ပေးပို့ဂုဏ်ပြုခဲ့ကြပါသည်။
By DPNS INFORMATION, on July 4th, 2018 လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဧရာဝတီတိုင်းဒေသကြီးစည်းရုံးရေးကော်မတီအစည်းအဝေးကို ၂၀၁၈ ဇူလိုင်လ ၄ ရက်နေ့တွင် ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီးစည်းရုံးရေးကော်မတီရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပါတီအတွင်းရေးမှူး(၁)ဒေါ်နှင်းနှင်းမွှေးက အဖွင့်စကားပြောကြားခဲ့ပါသည်။ ဧရာဝတီတိုင်းဥက္ကဋ္ဌ ဦးတိုးတိုးထွန်းက အစည်းအဝေးခေါ်ယူရခြင်းရည်ရွယ်ချက်နှင့် ပါတီလက်ရှိဆောင်ရွက်နေသော နိုင်ငံရေး၊ စည်းရုံးရေးလုပ်ငန်းစဉ်များ၊ ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်ခေါင်းဆောင်အသီးသီးက မိမိတို့ဒေသအခြေအနေများကို ပြန်လည်တင်ပြခဲ့ကြပါသည်။ ထို့နောက် ဆက်လက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။
By DPNS INFORMATION, on July 2nd, 2018 လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရေကြည်မြို့နယ်စည်းရုံးရေးကော်မတီဝင်များ စည်းရုံးရေးမှူးများနှင့် ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်များ၏ ဆွေးနွေးပွဲဒုတိယနေ့ကို ၂၀၁၈ ဇူလိုင်လ ၂ ရက်နေ့တွင်ရေကြည်မြို့နယ်စည်းရုံးရေးကော်မတီရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဒေသဆိုင်ရာအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on July 1st, 2018 လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟို၊ တိုင်း၊ မြို့နယ်နှင့် ရပ်ကျေးစည်းကော်မတီများ တွေ့ဆုံပွဲကို ၂၀၁၈ ဇူလိုင်လ ၁ ရက်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်စည်းရုံးရေးကော်မတီရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌက အဖွင့်စကားပြောကြားခဲ့ပါသည်။ ဗဟိုစည်းရုံးရေးကော်မတီဝင်များက လက်ရှိနိုင်ငံရေးအခြေအနေနှင့် ပါတီမူဝါဒသဘောထားများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် လတ်တလောဆောင်ရွက်ရမည့်လုပ်ငန်းများ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on July 1st, 2018 ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့နှင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်တို့၏ အစည်းအဝေးကို ၂၀၁၈ ဇူလိုင်လ ၁ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းရှိ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းကွယ်လွန်ခြင်း ၅၄ နှစ်မြောက်အခမ်းအနားကျင်းပရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on June 29th, 2018 DIPD က စီစဉ်ကျင်းပသည့် ကျားမတန်းတူညီမျှမှုရှိစေရန် စည်းရုံးလှုံ့ဆော်ခြင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများတည်ဆောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို၂၀၁၈ ဇွန်လ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ Rose Garden ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ပါတီတွင်းအမျိုးသမီးကွန်ရက်တည်ဆောက်မှုနှင့် နိုင်ငံရေးတွင်အမျိုးသမီးများပါဝင်လာရန် အရေးကြီးပုံတို့ကို ဒိန်းမတ်ဆိုရှယ်ဒီမိုကရက်ပါတီမှ Ms. Anne Katrine S Carlbaek က ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ပါတီပေါင်း ၂၀ မှ အမျိုးသမီးခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ အမျိုးသမီးခေါင်းဆောင်များလည်း တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on June 28th, 2018 လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အင်္ဂပူမြို့နယ် ကျေးရွာအုပ်စုစည်းရုံးရေးကော်မတီဝင်များနှင့် ပါတီဝင်များအား ပါတီမိတ်ဆက်နှင့် အထွေထွေနိုင်ငံရေးသဘောထား ဖွဲ့စည်းပုံတို့ ရှင်းလင်းတင်ပြဆွေးနွေးပွဲကို ၂၀၁၈ ဇွန်လ ၂၈ ရက် နေ့လည်ပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။ ပါတီအတွင်းရေးမှူး ၂ ဦးတိုးတိုးထွန်းနှင့်အဖွဲ့ ဦးဆောင်၍ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ တောင်ပို့ကျေးရွာ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဆွေးနွေးပွဲတွင် ပါတီိမိတ်ဆက်၊ ပါတီနောက်ခံသမိုင်းနှင့် လက်ရှိလုပ်ငန်းစဉ်များ ပါတီ၏အထွေထွေနိုင်ငံရေးသဘောထား၊ ပါတီ၏စည်းရုံးစုဖွဲ့မှု၊ ဦးဆောင်မှုအဆင့်ဆင့်၊ ပါတီတွင်းဒီမိုကရေစီကျင့်သုံးမှု၊ လူ့ဘောင်သစ်လူငယ်မိတ်ဆက်၊ နောက်ခ၊ံ မူဝါဒနှင့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ အင်္ဂပူမြို့နယ်အတွင်းရှိ နွားခြံအုပ်စု၊ ခံကြီးအုပ်စု၊ ကံကွင်းအုပ်စု၊ ကညွှတ်ကွင်းအုပ်စုတို့မှ စည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on June 28th, 2018 ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ နွားခြံကျေးရွာအုပ်စုတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ပါတီဝင်လျှောက်လွှာ စုပေါင်းပေးအပ်ပွဲကို ၂၀၁၈၊ ဇွန်လ ၂၈ ရက်နေ့နံနက်ပိုင်း၌ ပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ ပါတီဗဟိုစည်းရုံးရေးကော်မတီအတွင်းရေးမှူး ၂ ဦးတိုးတိုးထွန်းနှင့် အင်္ဂပူမြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းတို့က အမှာစကားပြောကြားခဲ့ကြပြီး ပါတီဝင်လျှောက်လွှာများကို ဦးတိုးတိုးထွန်းက လက်ခံရယူခဲ့ပါသည်။ ထို့နောက် ကျေးရွာအုပ်စုစည်းရုံးရေးကော်မတီဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။
By DPNS INFORMATION, on June 24th, 2018 The Wings Intitute က စီစဉ်ကျင်းပသည့် “အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လူငယ်များ၏ အခန်းကဏ္ဍ” ဆွေးနွေးပွဲကို ၂၀၁၈ ဇွန်လ ၂၄ ရက် နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ Orchid Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဦးအောင်မိုးဇော်(ဥက္ကဋ္ဌ-လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)၊ ဦးစိုင်းညွန့်လွင်(အတွင်းရေးမှူး-ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်)၊ ဒေါ်စူဇန်နာလှလှစိုး(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)၊ ဦးမြအေး(ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု)တို့ ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။
|