ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By DPNS INFORMATION, on August 18th, 2018 ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာအုပ်စုတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဆိုင်းဘုတ်တင်ပွဲကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ၊ ၁၈ ရက်နေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။ ဆိုင်းဘုတ်တင်ပွဲသို့ ရေကြည်မြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ဆီဆုံကုန်းကျေးရွာအုပ်စု စည်းရုံးရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။
By DPNS INFORMATION, on August 18th, 2018 ၂၀၁၈၊ ဩဂုတ်လ၊ ၁၈ ရက်နေ့တွင် ရေဝေးသုဿန်၌ ပြုလုပ်သည့် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း အမျိုးသမီးရေးရာဌာန ဒုတိယတာဝန်ခံ မသင်းသင်းအေး(ခ)မမီးမီး(လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲဘော်ဟောင်း)၏ ဈာပနသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)က ပန်းခြင်းနှင့်သဝဏ်လွှာ ပေးပို့ဂုဏ်ပြုခဲ့ပါသည်။
By DPNS INFORMATION, on August 15th, 2018 လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ်၊ ကျောက်ကုန်းကျေးရွာ ရပ်ကျေးဆိုင်းဘုတ်တင်ပွဲကို
၂၀၁၈ ခုနှစ်၊ သြဂုတ်လ၊ ၁၅ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီတွင် ပြုလုပ်ခဲ့ပါသည်။ ဆိုင်းဘုတ်တင်ပွဲသို့ မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များ၊ ပါတီလိုလားထောက်ခံသူများ တက်ရောက်ခဲ့ကြပါသည်။
By DPNS INFORMATION, on August 12th, 2018 ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ နှစ် ၃၀ ပြည့်အထိမ်းအမှတ်အဖြစ် ဒီမိုကရေစီအရေးတော်ပုံအတွင်း ကျဆုံးခဲ့ကြသည့် ကျောင်းသားပြည်သူ ရဟန်းရှင်လူအပေါင်းအားရည်စူး၍ ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် အမှတ်တရ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ၊ ၁၂ ရက်နေ့နံနက်ပိုင်းတွင် သာကေတမြို့နယ်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားတက်ရောက်လာသူများက ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပြီး ပေးပို့လာသည့်သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြပါသည်။ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကာလ သာကေတမြို့နယ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးဖြစ်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးကလည်း ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ပါသည်။
By DPNS INFORMATION, on August 11th, 2018 လူငယ်စွမ်းရည်မြှင့်သင်တန်းကျောင်း(Youth Empowerment School)တွင် တက်ရောက်လျက်ရှိသည့် ကျောင်းသူကျောင်းသားများအား လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီ (Women Worcking Committee) အကြောင်းကို WWC အကြံပေးဖြစ်သည့် ဒေါ်နှင်းနှင်းမွှေးက ၂၀၁၈၊ သြဂုတ်လ ၁၁ ရက်နေ့တွင် မိတ်ဆက်ပြောကြားပေးခဲ့ပါသည်။
By DPNS INFORMATION, on August 9th, 2018 လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာ ရပ်ကျေးဆိုင်းဘုတ်တင်ပွဲကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ၊ ၉ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီ၌ ပြုလုပ်ခဲ့ပါသည်။ ဆိုင်းဘုတ်တင်ပွဲသို့ မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များ၊ ပါတီထောက်ခံသူများ တက်ရောက်ခဲ့ကြပါသည်။
By DPNS INFORMATION, on August 8th, 2018 ရန်ကုန်မြို့၊ ရန်ကုန်တက္ကသိုလ်အပန်းဖြေရိပ်သာ၌ ပြုလုပ်သည့် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနားသို့လည်းကောင်း၊ ပဲခူးရိုးမအနောက်ခြမ်းနိုင်ငံရေးအင်အားစုများ ကျင်းပသည့် ရှစ်လေးလုံးလူထုအရေးတော်ပုံ နှစ် ၃၀ ပြည့် အခမ်းအနားသို့လည်းကောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် ကျင်းပသည့် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး ပါတီအတွင်းရေးမှူး ၂ ဦးတိုးတိုးထွန်းလည်း တက်ရောက်၍ အမှတ်တရစကား ပြောကြားခဲ့ပါသည်။ ကရင်ပြည်နယ် ဘားအံမြို့တွင် ပြုလုပ်သည့် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ နှစ် ၃၀ ပြည့်အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဘားအံမြို့နယ်စည်းရုံးရေးဥက္ကဋ္ဌနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။ ပဲခူးတိုင်းအရှေ့ခြမ်းနိုင်ငံရေးအင်အားစုများ စုပေါင်းကျင်းပသည့် ဒီမိုကရေစီမော်ကွန်းကျောက်တိုင်ဖွင့်ပွဲနှင့် ၈၈၈၈ ပြည်သူ့အရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနားကို ၂၀၁၈ သြဂုတ်လ ၈ ရက်နေ့နံနက်ပိုင်းတွင် ပဲခူးမြို့၊ ရန်ကင်းသာပန်းခြံ၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ မှိုင်း/ ငြိမ်းကွန်ရက် (ရန်ကုန်)၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ၁၉၇၄-၇၅ သပိတ်မှောက်အကျဉ်းကျခံ အလုပ်သမားဟောင်းကြီးများကွန်ရက်၊ AAPP (B)၊ ပဲခူးတိုင်းအရှေ့ခြမ်း နိုင်ငံရေးအင်အားစုများ၊ CSOs များ၊ ပဲခူးတိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
By DPNS INFORMATION, on August 7th, 2018 လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ်၊ အမှတ် (၁၉) ရပ်ကွက် ရပ်ကျေးဆိုင်းဘုတ်တင်ပွဲကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ။ ၇ ရက်နေ့ နံနက် ၉း၀၀ နာရီ၌ ပြုလုပ်ခဲ့ပါသည်။ ဆိုင်းဘုတ်တင်ပွဲသို့ မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြပါသည်။
By DPNS INFORMATION, on August 7th, 2018 ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့နှင့် မိတ်ဖက်နိုင်ငံရေးအင်အားစုများညီလာခံကို ၂၀၁၈ သြဂုတ်လ ၇ ရက်နေ့လည်ပိုင်းတွင် ရန်ကုန်မြို့၊ ယုဒဿန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ညီလာခံတွင် ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၏ ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။ ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ UNDO အဖွဲ့ဝင်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ UNA အဖွဲ့ဝင်နိုင်ငံရေးပါတီများ၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ကျွန်းပြန်နိုင်ငံရေးအင်အားစု၊ ပြည်ထောင်စုတိုင်းရင်းသားတောင်သူလယ်သမားသမဂ္ဂ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ အစရှိသည့် မိတ်ဖက်အဖွဲ့အစည်းများ ညီလာခံတက်ရောက်ခဲ့ကြပါသည်။
By DPNS INFORMATION, on August 2nd, 2018 ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၏ မြေယာဆိုင်ရာမူဝါဒ(မူကြမ်း) ဆွေးနွေးရေးဆွဲခြင်းကို ၂၀၁၈၊ သြဂုတ်လ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ မန္တလေးမြို့ရှိ Golden City Light Hotel ၌ ပြုလုပ်ခဲ့ပါသည်။ မြေယာဆိုင်ရာ မူဝါဒမူကြမ်း ရေးဆွဲနိုင်ရေးအတွက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ကိုသန့်စင်(AGFA)၊ ကိုစည်သူ(LIOH)တို့က ပူးပေါင်းကူညီပေးခဲ့ကြပြီး SNLD မြေယာနှင့်သယံဇာတအဖွဲ့ဝင်များ တက်ရောက်ရေးဆွဲခဲ့ကြပါသည်။
|