အင်းစိန်ထောင်တွင်းသပိတ်တိုက်ပွဲ ၂၉ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနား

၂၀၁၉၊ စက်တင်ဘာ ၂၅။ M 3 Food Center ၊ ရန်ကုန်။ ၁၉၉၀၊ စက်တင်ဘာ၊ ၂၅ အင်းစိန်ထောင်တွင်းသပိတ်တိုက်ပွဲ ၂၉ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၉၊ စက်တင်ဘာ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ M 3 Food Center ၌ ပြုလုပ်ခဲ့ပါသည်။ သပိတ်တိုက်ပွဲတွင် ပါဝင်ခဲ့သူများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။ သပိတ်တိုက်ပွဲတွင် ပါဝင်ခဲ့သည့် DPNS တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးလည်း တက်ရောက်၍ အမှတ်တရစကား ပြောကြားခဲ့ပါသည်။ ၁၉၉၀ ခုနှစ်၊ မေလတွင်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအပြီးတွင် စစ်အစိုးရက အနိုင်ရပါတီအား အာဏာမအပ်သည့်အတွက် အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများ ရာနှင့်ချီ၍ ဆန္ဒပြသပိတ်မှောက်ခဲ့ကြသည်။ သပိတ်တိုက်ပွဲကို အာဏာပိုင်များက ရက်စက်စွာ အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး […]

Continue Reading

“၂၀၂၀ ခုနှစ်အတွက် နိုင်ငံသားများ၏ နိုင်ငံရေးမျှော်မှန်းချက်” ရှင်းလင်းဆွေးနွေးပွဲ

၂၀၁၉၊ စက်တင်ဘာ၊ ၂၄။ ရန်ကုန်။=====================================ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့(PACE)က “၂၀၂၀ ခုနှစ်အတွက် နိုင်ငံသားများ၏ နိုင်ငံရေးမျှော်မှန်းချက်”စာအုပ်တွင် ဖော်ပြထားသည့် သုတေသနဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြသည့်အစီအစဉ်ကို UNA ရုံး၌ ပြုလုပ်ခဲ့ရာ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)အဖွဲ့ဝင်ပါတီများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် လူ့ဘောင်သစ်လူငယ်ခေါင်းဆောင်များလည်း တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ၎င်းစာအုပ်တွင် လက်ရှိမြန်နိုင်ငံအနေအထား အပါအဝင် သုတေသနတွေ့ရှိချက်များအား အခန်း ၁၀ ခန်းခွဲ၍ တင်ပြထားပါသည်။

Continue Reading

ကရင့်အာဇာနည်နေ့ကျင်းပမှုဖြင့် ဖမ်းဆီးခံနေရသူများအား သွားရောက်ဝန်းရံ

၂၀၁၉၊ စက်တင်ဘာ ၂၄။ ရန်ကုန်။ ကရင့်အာဇာနည်နေ့ကျင်းပမှုဖြင့် ဖမ်းဆီးခံနေရသည့် နော်အုန်းလှ စောအဲလ်ဘတ်ချိုနှင့် စသိန်းဇော်မင်းတို့အား ၂၀၁၉၊ စက်တင်ဘာ ၂၄ ရက်နေ့တွင် ကျောက်တံတားတရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်များ၊ လူ့ဘောင်သစ်လူငယ်များ၊ ကရင်တိုင်းရင်းသားများ၊ တိုင်းရင်းသားလူငယ်များ၊ နိုင်ငံရေးအင်အားစုများ၊ လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများ၊ UNA ခေါင်းဆောင်များ သွားရောက်ဝန်းရံခဲ့ကြပါသည်။ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်နိုင်ရန် ကြိုးပမ်းရာတွင် တိုင်းရင်းသားအားလုံး တန်းတူညီမျှ အခွင့်အရေးရရှိရန် အထူးလိုအပ်ပါသည်။ တိုင်းရင်းသားအသီးသီး၏ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ အလေးအမြတ်ပြုရာများကို အသိအမှတ်ပြုတန်ဖိုးထားရမည်ဖြစ်သည်။ ကရင်အမျိုးသားတို့ အလေးအမြတ်ထားသည့် ကရင့်အာဇာနည်နေ့ ကျင်းပမှုဖြင့် ဖမ်းဆီးတရားစွဲဆိုခံနေရသူများကို အမြန်ဆုံး ပြန်လည်လွှတ်ပေးရန်လည်း မိမိတို့ပါတီက သဘောထား ထုတ်ပြန်ထားပါသည်။

Continue Reading

DPNS ငဖဲမြို့နယ်ကော်မတီ ဖွဲ့စည်း

စက်တင်ဘာ ၂၂၊ ၂၀၁၉။ ငဖဲ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ငဖဲမြို့နယ်ကော်မတီကို ၂၀၁၉ စက်တင်ဘာလ ၂၂ ရက်နေ့တွင် အောင်မြင်စွာဖွဲ့စည်းခဲ့ပါသည်။ ကော်မတီဖွဲ့စည်းရေးအစည်းအဝေးတွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းတို့က ပါတီဖြတ်သန်းမှုသမိုင်းကြောင်း နိုင်ငံရေးဦးတည်ချက်နှင့် လှုပ်ရှားဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသည့်ရဲဘော်များနှင့် ဒေသဆိုင်ရာအခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ မြို့နယ်ကော်မတီကို ရွေးချယ်ဖွဲ့စည်းပြီးနောက် ကော်မတီဝင်များက ပါတီအလံကို ကိုင်ဆောင်၍ သစ္စာအဓိဋ္ဌာန် ၅ ချက် ရွတ်ဆိုအဓိဋ္ဌာန်ပြုခဲ့ကြပါသည်။ ထို့နောက် ငဖဲမြို့နယ်ကော်မတီဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားပြီးနောက် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။ အစည်းအဝေးသို့ ပါတီဗဟိုကော်မတီဝင် ဦးအောင်နိုင်ဦး၊ ပွင့်ဖြူမြို့နယ်ကော်မတီဝင်များ၊ မင်းဘူးမြို့နယ်ကော်မတီဝင်များနှင့် ပါတီလိုလားသူများလည်း တက်ရောက်ခဲ့ကြပါသည်။

Continue Reading

၂၀၁၉ ခုနှစ် ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများဖိုရမ်တွင် တက်ရောက်ဆွေးနွေး

စက်တင်ဘာ ၂၀-၂၁၊ ၂၀၁၉။ ရန်ကုန်။ WLB က စီစဉ်ကျင်းပသည့် ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများဖိုရမ်ကို ရန်ကုန်မြို့ Western Green Hill ဟိုတယ်၌ ၂၀၁၉ စက်တင်ဘာ ၂၀မှ ၂၁ ရက်နေ့အထိ ပြုလုပ်ခဲ့ပါသည်။ “ငြိမ်းချမ်းရေးအတွက်အတူတကွ၊ အားလုံးအတွက် လုံခြုံရေး” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများအပါအဝင် နယ်ပယ်အသီးသီးမှ အမျိုးသမီးနှင့် အမျိုးသားခေါင်းဆောင်များ ၃၀ဝ ကျော် တက်ရောက်ခဲ့ကြပါသည်။ ငြိမ်းချမ်းရေးဖိုရမ်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံ၊ ဗဟိုကော်မတီဝင် ဒေါ်မေဖြူဆွေ၊ လူ့ဘောင်သစ်လူငယ် ဥက္ကဋ္ဌ မအိသဉ္ဇာမောင်နှင့် လူ့ဘောင်သစ်လူငယ် ဗဟိုလုပ်ငန်းကော်မတီဝင် မအေးမြတ်သန္တာတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် နိုင်ငံရေးတွင်အမျိုးသမီးများ၊ လူငယ်များ ပိုမိုပါဝင်နိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှုများ၊ ဒေသဆိုင်ရာ ငြိမ်းချမ်းရေးလှုပ်ရှားမှုများတွင် […]

Continue Reading

ရွှေဝါရောင်တော်လှန်ရေး ၁၂ နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်

၁၈၊ ၉၊ ၂၀၁၉။ သာဓုကျောင်းတိုက်၊ ရန်ကုန်။ ရွှေဝါရောင်တော်လှန်ရေး ၁၂ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့ရှိ သာဓုကျောင်းတိုက်၌ ၂၀၁၉၊ စက်တင်ဘာ၊ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရွှေဝါရောင်ဦးဆောင်သံဃာတော်များက သြဝါဒကထာ၊ အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်နှင့် သဘောထားထုတ်ပြန်ချက်တို့ကို မြွက်ကြားခဲ့ကြပါသည်။ အခမ်းအနားသို့ ရွှေဝါရောင်ဦးဆောင်သံဃာတော်၊ ဆရာတော်များ၊ နိုင်ငံရေးအင်အားစုများ တက်ရောက်ခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြပါသည်။၂၀ဝ၇၊ စက်တင်ဘာလတွင် သံဃာတော်များဦးဆောင်ပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သည့် ရွှေဝါရောင်တော်လှန်ရေးကို စစ်အစိုးရက အကြမ်းဖက် ရိုက်နှက်ပစ်ခတ်သတ်ဖြတ်နှိမ်နင်းခဲ့သဖြင့် အသက်ပေါင်းများစွာ သေကျေခဲ့ရသည်။ ရဟန်းရှင်လူအမြောက်အမြားမှာလည်း ဖမ်းဆီးနှိပ်စက် ထောင်သွင်းအကျဉ်းချခြင်း ခံခဲ့ကြရသည်။

Continue Reading

(၆၉)နှစ်မြောက် ကရင့်အာဇာနည်နေ့ ဦးဆောင်သူများကို ရုံးထုတ်စစ်ဆေးရာသို့ သွားရောက်ဝန်းရံ

စက်တင်ဘာ ၁၇၊ ၂၀၁၉။ ရန်ကုန်။ (၆၉)နှစ်မြောက် ကရင့်အာဇာနည်နေ့ ဦးဆောင်သူများကို ရုံးထုတ်စစ်ဆေးရာသို့ သွားရောက်ဝန်းရံ ၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့ ကျင်းပသည့်အတွက် တရားစွဲဆိုခံထားရသည့် နော်အုန်းလှ(ကရင်အမျိုးသမီးအစည်းအရုံး ဥက္ကဋ္ဌ)နှင့် စောအဲလ်ဘတ်ချို၊ စသိန်းဇော်မင်းတို့ကို စက်တင်ဘာ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပါသည်။အမှုရင်ဆိုင်ရန်ရောက်ရှိလာသူများကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအပါအဝင် နိုင်ငံရေးပါတီများ၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ကရင်ပြည်သူများ၊ ကရင့်စာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်များ၊ ကရင်အနုပညာရှင်များ၊ တိုင်းရင်းသားလူငယ်အဖွဲ့အစည်းများ၊ UNA အဖွဲ့ဝင်များ၊ လူထုအခြေပြုအရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများ လာရောက်ဝန်းရံခဲ့ကြပါသည်။နိုင်ငံသားတိုင်းသည် အမျိုးသားတိုင်း၏ ကိုယ်ပိုင်အလေးထားမှုများ၊ စံတန်ဖိုးများ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို အပြန်အလှန် အသိအမှတ်ပြုပြီး လေးစားတန်ဖိုးကြရန် အလွန်လိုအပ်သည်။ အမျိုးသားတိုင်းတွင် ကိုယ်ပိုင်သမိုင်းတန်ဖိုးနှင့် မိမိတို့ကိုယ်တိုင် သတ်မှတ်သည့် အမျိုးသားသူရဲကောင်း အမျိုးသားခေါင်းဆောင်များ ရှိကြသည် ရှိခွင့်ရှိသည် ဆိုသည့်အချက်ကို […]

Continue Reading

ဆားလင်းကြီးမြို့နယ်ရှိ ပါတီဝင်များ၊ အမျိုးသမီးတက်ကြွလှုပ်ရှားသူများနှင့် တွေ့ဆုံဆွေးနွေး

စက်တင်ဘာ၊ ၁၇၊ ၂၀၁၉။ ဆားလင်းကြီး။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်း နှင့် ဗဟိုကော်မတီဝင်များသည် ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာအုပ်စု၌ ကံကုန်း၊ ညောင်ပင်ကြီး၊ တုန်ကျေးရွာအုပ်စုတို့မှ ပါတီဝင်များ၊ အမျိုးသမီးတက်ကြွလှုပ်ရှားသူများနှင့် တွေ့ဆုံခဲ့ပါသည်။ထိုသို့ တွေ့ဆုံရာတွင် ပါတီနှင့် ပါတီအမျိုးသမီးလုပ်ငန်းကော်မတီအား မိတ်ဆက်ခဲ့ပြီး ပါတီ၏ လယ်သမားရေးရာနှင့် ပါတ်သက်သည့် အခြေခံသဘောထားကိုလည်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ဒေသခံများ ကြုံတွေ့နေရသည့် အခြေအနေများအား အပြန်အလှန် ရင်းရင်းနှီးနှီး ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

Continue Reading

ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာဒေသခံ အမျိုးသမီးငယ်များနှင့် တွေ့ဆုံဆွေးနွေး

စက်တင်ဘာ၊ ၁၆၊ ၂၀၁၉။ ယင်းမာပင်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် ပါတီအမျိုးသမီးလုပ်ငန်းကော်မတီ(WWC) အဖွဲ့ဝင် ဒေါ်မေဖြူဆွေတို့သည် သပြေအေးကျေးရွာ ယင်းမာပင်မြို့နယ်၌ WWC နှင့် လူ့ဘောင်သစ်လူငယ်အား စိတ်ဝင်စားသော အမျိုးသမီးငယ်များနှင့်တွေ့ဆုံကာ ပါတီအကြောင်း၊ လူ့ဘောင်သစ်လူငယ်အကြောင်းနှင့် YES အကြောင်းတို့အား မိတ်ဆက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီအစည်းအဝေးကျင်းပ

၂၀၁၉၊ စက်တင်ဘာ၊ ၁၄။ မန္တလေး။ မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီအစည်းအဝေး၂၀၁၉၊ စက်တင်ဘာ၊ ၁၄ ရက်နေ့လည်ပိုင်း၌ မန္တလေးတိုင်းရုံး၌ ပြုလုပ်ခဲ့ရာ မန္တလေးတိုင်းကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတက်ရောက်လာသူများက မန္တလေးတိုင်းအတွင်း စည်းရုံးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေးအပါအဝင် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

Continue Reading