“ရွေးကောက်ပွဲယဉ်ကျေးမှုနဲ့ မြန်မာ့နိုင်ငံရေး” ခေါင်းစဉ်ဖြင့် DPNS ပါတီဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံ ပါဝင်ဆွေးနွေး

၂၀၁၉၊ အောက်တိုဘာ ၁၀ ရက်နေ့တွင် ထုတ်လွှင့်သည့် DATELINE IRRAWADDY အစီအစဉ်တွင် “ရွေးကောက်ပွဲယဉ်ကျေးမှုနဲ့ မြန်မာ့နိုင်ငံရေး” ခေါင်းစဉ်ဖြင့် DPNS ပါတီဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံ ပါဝင်ဆွေးနွေးခဲ့ပါသည်။

Continue Reading

ဒီမိုကရေစီအခြေအနေများ ပိုမိုပြည့်စုံမှသာ တိုင်းပြည်တခုလုံး၏ လုံခြုံရေးကို အာမခံနိုင်လိမ့်မည်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးအမြင်သုံးသပ်ချက် (၈ / ၂၀၁၉) နိုင်ငံတော်သမ္မတရုံး နိုင်ငံရေးနှင့် လုံခြုံရေးဌာနကြီးက ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ၊ ၁၆ ရက်နေ့ နေ့စွဲနဲ့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေ ပြည်ထောင်စုဝန်ကြီးဌာနတွေကို ပေးပို့တဲ့ “ လုံခြုံရေးနှင့် ပတ်သက်ပြီး ဂရုပြုဆောင်ရွက်ရန်ကိစ္စ ”ဆိုတဲ့ လျှို့ဝှက်ညွှန်ကြားချက်တစ်စောင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက လုံခြုံရေးနဲ့ပတ်သက်လို့ သူ့နိုင်ငံသားတွေကို သတိပေးကြေငြာချက်တစ်စောင်တို့ဟာ အွန်လိုင်းလူမှုစာမျက်နှာပေါ် ပျံ့နှံ့လာတယ်။နိုင်ငံတော်သမ္မတရုံး နိုင်ငံရေးနှင့်လုံခြုံရေးဌာနကြီးရဲ့ လျှို့ဝှက်ညွှန်ကြားချက်ကို ဘယ်သူတွေက ဘာရည်ရွယ်ချက်နဲ့ လူအများ အထိတ်တလန့်ဖြစ်အောင် အွန်လိုင်း လူမှုစာမျက်နှာတွေပေါ် ဖြန့်ထုတ်လိုက်သလဲဆိုတာ စဉ်းစားစရာပါ။မြန်မာနိုင်ငံရဲ့အစိုးရရုံးစိုက်ရာ နေပြည်တော်အပါအဝင် မြို့ကြီးတွေမှာ တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်မှုတွေ ရှိနေတယ်ဆိုတာ သက်ဆိုင်ရာ အဖွဲ့စည်းအသီးသီးက ငြင်းဆိုထားကြတယ်။ စက်တင်္ဘာ ၁၆ – ၁၇ ပူးတွဲထုတ်ပြန်ချက်၊ စက်တင်္ဘာ ၂၂ […]

Continue Reading

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရပြောနေတဲ့ “တရားဥပဒေစိုးမိုးရေး” ဘာလဲ ဘယ်လဲ

အရင်းစစ်လိုက်ရင် “တရားဥပဒေစိုးမိုးရေး” ဆိုတာဟာ “၂၀ဝ၈ အခြေခံဥပဒေပြဿနာ” လိုပါပဲ။ ဥပဒေဆိုင်ရာ ပြဿနာသက်သက် မဟုတ်ဘဲ နိုင်ငံရေးပြဿနာစစ်စစ်ပဲ ဖြစ်ပါတယ်။ ပြည်သူတွေအပေါ် အာဏာအရ၊ တည်ဆဲဥပဒေများအရ၊ ဓနဥစ္စာအရ၊ ဗြူရိုကရေစီအသိုင်းအဝိုင်းအရအစဉ်အဆက် ချုပ်ကိုင်ထားသူများက ပြည်သူလူထုအပေါ် ပုံစံမျိုးစုံနဲ့ ချိုးဖောက်ကျူးလွန်နေတဲ့ မတရားမှုတွေကို ပြတ်ပြတ်သားသားဆန့်ကျင်တိုက်ဖျက်ရေးဆိုတဲ့ နိုင်ငံရေးပြဿနာပဲ ဖြစ်ပါတယ်။တနည်းအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တချိန်တခါက ကိုင်စွဲခဲ့ပြီးယခုအခါ စွန့်လွှတ်ပစ်ပယ်ထားခဲ့တဲ့ “မတရားတဲ့ အမိန့်အာဏာမှန်သမျှ တာဝန်အရဖီဆန်ကြ” ဆိုတဲ့ မပြီးဆုံးသေးတဲ့ နိုင်ငံရေးပြဿနာရဲ့ အဆက်လည်း ဖြစ်ပါတယ်။ “တရားဥပဒေစိုးမိုးရေး” ဆိုတာကို ဟိုလိုဒီလိုအဓိပ္ပါယ်တွေ အမျိုးမျိုးဖွင့်နေကြပေမယ့် အနှစ်သာရကတော့ အောက်ပါအချက်နှစ်ချက် အပြည့်အဝပါဝင်ဖို့ပဲ ဖြစ်ပါတယ်။ ၁။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်၊ အကျိုးစီးပွားတွေနဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည် ပြောဆိုခွင့်တွေကို တကယ်တမ်းထိထိရောက်ရောက် အကာအကွယ်ပေးရေး၊ ၂။ ပြည်သူတွေအပေါ် […]

Continue Reading

တပ်မတော်နဲ့ AA တိုက်ပွဲတွေ ရပ်တန့်ရေး သမ္မတ ဖြေရှင်းပေးဖို့ တောင်းဆို

၂၈၊ ဇွန်၊ ၂၀၁၉ RFA ရခိုင်ပြည်နယ်က အစိုးရတပ်မတော်နဲ့ ရခိုင်တပ်တော် AA တို့အကြား တိုက်ပွဲတွေ အမြန်ဆုံးရပ်စဲအောင် သမ္မတ ကိုယ်တိုင် တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းပေးဖို့ အဖွဲ့အစည်း ၁၀ဝ ကျော်က မနေ့က အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့တောင်းဆိုလိုက်ပါတယ်။ နိုင်ငံတော်သမ္မတက ညွှန်ကြားရင် တိုက်ပွဲတွေကို ရပ်တန့်ပေးမယ်လို့ တပ်မတော်ဘက်က သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ပြောဆိုထားတာရှိတဲ့အတွက် သမ္မတဆီ တောင်းဆိုတာလို့ အိတ်ဖွင့်ပေးစာပေးပို့ရာမှာ ပါဝင်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD က ဦးမျိုးကျော်က ဒီနေ့ ပြောပါတယ်။ “အခု ကျတော်တို့ တိုက်တွန်းတာက တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောထားတာ ကျွန်တော်တို့ ကြားတယ်။ သမ္မတကသာ ရပ်စဲစေချင်တယ်ဆိုရင် သူတို့ ရပ်ပေးမယ်ဆိုတဲ့ဟာမျိုး ကြားတယ်။ အခုတိုက်နေတာ ခွင့်ပြုလို့ တိုက်ခိုင်းလို့ တိုက်တာဆိုတဲ့ […]

Continue Reading

၂ဝ၂ဝ ရွေးကောက်ပွဲကို တိုင်းရင်းသားနဲ့မဟာမိတ်ပါတီတွေ ဘယ်လိုအနိုင်ယူမလဲ

ဧရာဝတီ၊ ဇွန် ၁၃၊ ၂၀၁၉ “၂ဝ၂ဝ ရွေးကောက်ပွဲကို တိုင်းရင်းသားနဲ့မဟာမိတ်ပါတီတွေ ဘယ်လိုအနိုင်ယူမလဲ” ခေါင်းစဉ်ဖြင့် DPNS ဥက္ကဌ ဦးအောင်မိုးဇော်နှင့် SNLD အတွင်းရေးမှူး ဦးစိုင်းလိတ်တို့၏ ဆွေးနွေးချက် ရိုက်ကူး – ကျန်ကျောင်း၊ ကျော်သူရတည်းဖြတ် – ကျော်သူရ

Continue Reading

“ဥဒါန်း ဘယ်မကြေစရာ” အဖြစ်အပျက်များ သမိုင်းအမွေဆိုးအဖြစ် မကျန်ရှိရေးအတွက် အမြန်ဆုံး ဖြေရှင်းပါ

(၆၊ ၆၊ ၂၀၁၉) Alpha ဘိလပ်မြေစက်ရုံအရေး ဆန့်ကျင်ဆန္ဒပြကြတဲ့ ဒေသခံအောင်သပြေရွာသားတွေကို အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးမှုတွေရဲ့နောက်ဆက်တွဲဖြစ်ရပ်မှာ လူ့အသက်ဆုံးရှုံးသည်အထိ ဖြစ်ခဲ့ရပါပြီ။ အောင်သပြေရွာသား၊ လက်သမားဆရာကိုထွန်းမြင့်ဝင်းဟာ ဖမ်းဆီးချုပ်နှောင်ခံထားရစဉ် ဇွန် ၅ ရက်၊ မနက် ၅းဝ၀ နာရီမှာ သေဆုံးခဲ့ပါတယ်။ အရက်ကြောင်ရောဂါကြောင့်လို့ တာဝန်ရှိအာဏာပိုင်တွေကပြောဆိုပေမယ့် ခန္ဓာကိုယ်ပေါ်မှာ ညှဉ်းပမ်းနှိပ်စက် ရိုက်နှက်ထားတဲ့ဒဏ်ရာတွေ တွေ့ တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ အာဏာပိုင်တွေ ပြောကြားတဲ့ရောဂါအမျိုးအစားဟာ အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာကိုတော့ ဆေးသိပ္ပံပညာက တိတိကျကျ သိနိုင်မှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့မေ ၁၅ ရက်နေ့က အောင်သပြေရွာသားတွေအပေါ် အကြမ်းဖက်ဖြိုခွင်းတဲ့ ဖြစ်စဉ်အပြီးမှာဆက်တိုက် ဖြစ်ပွါးခဲ့တဲ့ အဖြစ်အပျက်တွေဖြစ်ပါတယ်။ ရဲအင်အားအများအပြားသုံးပြီး အောင်သပြေရွာ အဝင်အထွက်ကို ပိတ်ဆို့ထားပါတယ်။ နာမည်ကျော် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) အပါအဝင်၊ […]

Continue Reading

ကွဲပြားခြားနားမှုသည် ကွာခြားမှုမဟုတ်..

[လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးအမြင်သုံးသပ်ချက် – ၂/၂၀၁၉] တန်းတူမှု(Equality)ဆိုတာ လူ့အဖွဲ့အစည်းတခုမှာ အလွန်အရေးကြီးပါတယ်။ အထူးသဖြင့် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနေထိုင်တဲ့လူ့အဖွဲ့အစည်းတခုမှာ တန်းတူမှုဟာ ပို၍ပင် မရှိမဖြစ် လိုအပ်ပါတယ်။ တန်းတူမှုဆိုရာမှာ ဘာသာရေးအရ၊ လူမျိုးရေးအရ၊ လိင်အရ၊ အသားအရောင်အရ၊ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုအရ ခွဲခြားဆက်ဆံမှုမရှိဘဲ အခွင့်အရေးနဲ့ အခွင့်အလမ်းများ တန်းတူရည်တူရရှိဖို့ လိုအပ်ပါတယ်။ မေလ ၁၅ ရက်နေ့ည ၁၀းဝ၀ နာရီလောက်မှာ မျိုးချစ်ရဟန်းတော်များဆိုတဲ့အဖွဲ့နဲ့အတူ အရပ်သားအချို့က တောင်ဒဂုံမြို့နယ်၊ အမှတ်(၆၄)ရပ်ကွက်နဲ့ (၁၀၆)ရပ်ကွက်ရှိ အစ္စလာမ်ရမ္မဒန် (ဥပုသ်)ကာလဝတ်ပြုဆုတောင်းရာနေရာတွေကို လူစုလူဝေးနဲ့ ပိတ်ဆို့တားမြစ် နှောက်ယှက်ခဲ့ပါတယ်။ အဲဒီနေရာတွေဟာ အစ္စလာမ်ဘာသာဝင်များရဲ့ နေ့ကြီးရက်ကြီးအခါကြီးဖြစ်တဲ့ ရမ္မဒန်ဥပုသ်ကာလတွင် စုပေါင်းဝတ်ပြုနိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရက မေလ ၈ ရက်နေ့မှာ တရားဝင် ခွင့်ပြုပေးထားခဲ့တဲ့ နေရာတွေဖြစ်ပါတယ်။ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၈) […]

Continue Reading

အကြမ်းဖက်ဖြေရှင်းခြင်းဖြင့် အဖြေရရှိမည်မဟုတ်

မေလ ၁၅ ရက်နေ့ နံနက် ၅းဝ၀ နာရီတွင် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာသားများ၏ ဆန္ဒပြမှုအပေါ် မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်ဆံများဖြင့် ပစ်ခတ်ဖြိုခွဲမှုများ ဖြစ်ပွါးခဲ့သည်။ ထိုဖြစ်စဉ်အတွင်း သတင်းရယူနေသော သတင်းထောက်တဦးအပါအဝင် လူငါးဦးဖမ်းဆီးခံရပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း ကြားသိရပါသည်။ မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေသော အလုပ်သမားအခွင့်အရေးပြဿနာ၊ တောင်သူလယ်သမားများ ဒေသခံလူထုများ ဆုံးရှုံးနစ်နာနေရသည့် ပြဿနာ၊ ကျောင်းသားများ၏ ပညာရေးဆုံးရှုံးနေရမှုပြဿနာ၊ ပြည်တွင်းစစ်ဖြစ်နေသော ဒေသများရှိ အပြစ်မဲ့တိုင်းရင်းသားပြည်သူများ သေဆုံးထိခိုက်နေရမှုပြဿနာ၊ ပြည်သူလူထု နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရသော အခြေခံလိုအပ်ချက်များဖြစ်သည့် ရေ၊ မီး မလုံလောက်မှုစသည့် ပြဿနာပေါင်းစုံ တိုး၍တိုး၍ လာနေပါသည်။ အဆိုပါ ပြဿနာများကို အစိုးရတရပ်အနေဖြင့် ကိုင်တွယ်ဖြေရှင်းရာတွင် ကောင်းမွန်မှန်ကန်သည့် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ စီမံခန့်ခွဲမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် ဖြေရှင်းခြင်း […]

Continue Reading

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးကြီးမြင့်၏ ဆွေးနွေးချက် အပိုင်း(၂)

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးကြီးမြင့်၏ ဆွေးနွေးချက် အပိုင်း(၂)

Continue Reading